Surprise Me!

နန်းဝေေ၀ထွန်း ပြောတဲ့ ယူရို ဘောလုံး သတင်း အတိုအထွာများ

2016-07-03 71 Dailymotion

ပထမဆုံးအနေနဲ့ ယူရိုပြိုင်ပွဲနဲ့ ပက်သက်တဲ့ သတင်းအကျဉ်းတွေကို တင်ဆက်ပေးသွားမှာပါ။
အီတလီ လက်ရွေးစင်အသင်းနည်းပြ ကွန်တီဟာ ဂျာမဏီကို ရှုံးတဲ့ ယူရို ကွာတား ပွဲအပြီးမှာ အသင်းနဲ့ လမ်းခွဲသွားပြီ ဖြစ်ပါတယ်။ နည်းပြ ကွန်တီဟာ ယူရိုပြိုင်ပွဲအပြီးမှာ အသင်းနဲ့ လမ်းခွဲဖို့ သဘောတူထားပြီး ချဲလ်ဆီးအသင်းကို သွားရောက် ကိုင်တွယ်မှာ ဖြစ်ပါတယ်။ ကွန်တီကတော့ သူ မရှိတော့လည်း အီတလီ အသင်းက အနာဂတ်မှာ တောက်ပလာလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။ အီတလီအသင်းကို ၂ နှစ်ကြာ ကိုယ်တွယ်ခဲ့ရတဲ့ အချိန်တွေကို ကျေးဇူးတင် အမှတ်ရနေမယ်လို့လည်း ဆိုပါတယ်။ အီတလီအသင်းဟာ နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဂျာမဏီကို တခါမှ ရှုံးဖူးခြင်း မရှိပေမယ့်လည်း အခုယူပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပါတယ်ရှင်။
နောက်သတင်းတပုဒ်မှာတော့ ၃-၅-၂ ကစားပုံနဲ့ အံမ၀င်သေးဘူးလို ဂျာမနီနည်းပြ ဂျိုအာချင်လိုးက ပြောဆို လိုက်ပါတယ်။ဂျာမနီအသင်းဟာ အီတလီကိုအနိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ၃-၅-၂ ကစားကွက်ကို စတင်အသုံးပြုခဲ့ပြီး လိုအပ်ချက်တွေရှိသေးတယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။အီတလီက စပိန်ကိုအနိုင်ရတဲ့ ပွဲစဉ်ကို လေ့လာအပြီးမှာ ဒီက စားကွက်ကိုအသုံးပြုဖို့ရွေးချယ်ခဲ့ရတာလို့ လည်း ဂျိုအာချင်လိုးက ပြောပါတယ်။ အီတလီနဲ့ပွဲဟာ စိတ်လူပ်ရှားစရာအကောင်းဆုံးပွဲဖြစ်ခဲ့ပြီး နည်းစနစ်၊နည်းဗျူဟာအမြင့်ဆုံး အားပြိုင်တဲ့ ပွဲတစ်ပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

အီတလီအသင်းကို အနိုင်ရတဲ့အပေါ်မှာ ဂျာမဏီ ပရိတ်သတ်တွေရဲ့ အောင်ပွဲခံပုံ မြင်ကွင်းတွေကိုလည်း ဆက် လက် ရှုစားရဦးမှာပါ။ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ ပရိတ်သတ်တွေ တီဗွီဖန်သားပြင်ကနေ ကြည့်ရင်း အောင်ပွဲခံခဲ့ပါတယ်။ ဂျာမဏီဟာ ပင်နယ်တီမှာ အီတလီကို ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရသွားတာပါ။ အစဉ်အလာအရ နိုင်ဖူးခြင်း မရှိသေးတဲ့ အီတလီအသင်းကို အနိုင်ရတဲ့အတွက် ဂျာမန် ပရိတ်သတ်တွေ အောင်ပွဲခံခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ အနိုင်ရတဲ့အတွက် မယုံကြည်နိုင်စရာပါပဲ၊ အခုတော့ အစဉ်အလာတွေကို ချိုးဖျက် နိုင်ပါပြီလို့ ပြောပါတယ်။ ဒါ့အပြင် ယူရိုဖလားဟာ ဂျာမဏီအတွက် ဖြစ်သွားပြီလို့လည်း ဆိုထားပါတယ်။ ဂျာမဏီဟာ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ပြင်သစ် ဒါမှမဟုတ် အိုက်စလန် ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။

အခုဆက်ပြီး အိုက်စလန်အသင်းက လက်ပစ်ဘောတွေကို သတိထားကစားရမယ်လို့ ပြင်သစ်နည်းပြဒမ့်ချမ့် ကပြောတဲ့ သတင်းကို တင်ဆက်ပေးဦးမှာပါ။ အိုက်စလန်အသင်းဟာ လက်ပစ်ဘောတွေက နေ တစ်ဆင့်ဂိုးတွေ ရနေပြီး ဒီကစားပုံကနေ ဂိုးပေးရမှာကို ပြင်သစ် နည်းပြဒမ့်ချမ့်စ်က စိုးရိမ်နေပါတယ်။အိုက်စလန်အသင်းဟာ ကံကောင်းလို့ ဒီအဆင့်ရောက်လာတာ မဟုတ်ဘဲ ထိုက်တန်တဲ့ခြေစွမ်းရှိလို့ ဒီအဆင့်ကိုတက်လှမ်းလာတာဖြစ်တယ်လို့လည်း ပြင်သစ်နည်းပြက သုံးသပ်ပါတယ်။ အိုက်စလန်ကစားသမားတွေဟာ ကြံ့ခိုင်မှုလည်းကောင်းတာကြောင့် ကစားရတာအခက်တွေ့နိုင်တယ်လို့ လည်းဒမ့်ချမ့်က ဆိုပါတယ်။အိုက်စလန်နည်းပြတစ်ဦးဖြစ်တဲ့ လာဂျာဘက်ကတော့ ပြင်သစ်အသင်းကရေပန်းစား တဲ့အသင်းဖြစ်ပေမယ့် အနိုင်ယူနိုင်တယ်ဆိုတဲ့ယုံကြည်မှုတာရှိရင် ရလဒ်ကောင်းရမယ်လို့ ပွဲကြို သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။
လက်ရွေးစင်အသင်းကနေ အနားယူဖို့ အစီအစဉ် မရှိသေးဘူးလို့ အီတလီဂိုးသမား ဘက်ဖွန်က ပြောဆိုလိုက်ပါ တယ်။အသက်၃၈နှစ်ရှိနေပြီဖြစ်တဲ့ ဘက်ဖွန်ဟာ ၂၀၁၈ကမ္ဘာ့ဖလားအထိကစားဖို့ စိတ်အား ထန်သန်နေပြီး က စားသမားဘ၀ကနေ အနားယူဖို့ မရှိသေးဘူးလို့ဆိုပါတယ်။အီတလီအသင်းဟာ ဂျာမနီအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကိုတော့ ဂိုးသမား ဘက်ဖွန်က ကျေနပ်နေပါတယ်။ ဒါပေမယ့် ၂၀၁၄ကမ္ဘာ့ဖလားကလို စိတ်ပျက်စရာခြေစွမ်းနဲ့ ထွက်ခဲ့ရတာမဟုတ်တဲ့အကြောင်းနဲ့ လာမယ့်ပွဲတွေအတွက် ဆက်လက်ကြိုးစားသွားရဦး မယ်လို့ ဘက်ဖွန်ကဆိုပါတယ်။

Buy Now on CodeCanyon