ပထမဆုံးအနေနဲ့ ယူရိုပြိုင်ပွဲနဲ့ ပက်သက်တဲ့ သတင်းအကျဉ်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဝေးလ်အသင်းရဲ့ အိမ်ပြန်ခရီးကို ထောင်ချီတဲ့ပရိသတ်တွေ လာရောက်ကြိုဆိုကြတဲ့အတွက် ဂုဏ်ယူ ကျေနပ်မိတယ်လို့ တိုက်စစ်မှူး ဂါရတ်ဘေးလ်က ပြောပါတယ်။ဝေးလ်အသင်းဟာ အကြိုဗိုလ်လုပွဲမှာ ပေါ်တူဂီကို ရှုံးနိမ့်ပြီးနောက် သောကြာနေ့က ဝေးလ်နိုင်ငံကိုပြန် လည်ရောက်ရှိခဲ့ပါ တယ်။ကာဒပ်ဖ်လေဆိပ်မှာ ထောင်ချီတဲ့ဝေးလ်ပရိသတ်တွေက သူရဲကောင်းတွေလို လာရောက် ကြိုဆိုတာဖြစ်ပြီး ဒီခံစားမှုဟာ ထူးခြားပြီး ဘယ်တော့မှာမေ့တော့မှာ မဟုတ်တဲ့ ခံစားမှုဖြစ်တယ်လို့ ဘေးလ်က ဆိုပါတယ်။ဝေးလ်အသင်းခေါင်းဆောင် အက်ရှ်လေ၀ီလျှံကလည်း ယူရိုပြိုင်ပွဲမှာ အကြိုဗိုလ်လု ပွဲအထိရောက်ခဲ့တဲ့ခြေစွမ်း အတွက်ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ ကွင်းလယ် ကစားသမားတစ်ဦးဖြစ်တဲ့ အာရွန်ရမ်ဆေးကလည်း ဝေလ်းလူမျိုးဖြစ်ရတာ ဂုဏ်ယူတယ်လို့ပြောပါတယ်။ဝေးလ်အသင်းမှာ ဒီနှစ် ယူရိုပြိုင်ပွဲမှာပထမဆုံးအကြိမ်ဝင်ခွင့်ရတာဖြစ်ပေမယ့် အကြိုဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့တာဖြစ်ပါ တယ်။ e

နောက်သတင်းတပုဒ်မှာတော့ ပြင်သစ်နဲ့ပေါ်တူဂီအသင်းတို့ယှဉ်ပြိုင်မယ့် ယူရိုပြိုင်ပွဲဗိုလ်လုပွဲမှာ တာဝန်ယူကိုင်တွယ်မယ့် ကွင်းလယ်ဒိုင်လူကြီးအဖြစ် အင်္ဂလန်ဒိုင်လူကြီး ကလန်တန်ဘတ် ခန့်အပ်ထားပါတယ်။ကလန်တန်ဘက်နဲ့အတူ စည်းကြိမ်ဒိုင်တွေအဖြစ် အင်္ဂလန်ဒိုင်လူကြီးတွေပဲဖြစ်တဲ့ ဆိုင်မွန်ဘက်နဲ့ဂျိတ် ကောလင်းတို့က တာဝန်ယူမှာဖြစ်ပြီး အကူဒိုင်အဖြစ် ဟန်ဂေရီ ဒိုင်လူကြီး ကတ်စ်ဆိုင်းက တာဝန်ယူမှာ ဖြစ်ပါတယ်။ဗိုလ်လုပွဲမှာ ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ယူမယ့် ကလန်တန်ဘက်ဟာ အုပ်စုပွဲစဉ်တွေ ဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ အီတလီ၊ချက်နဲ့ခရိုအေးရှားပွဲစဉ် နှစ်ပွဲမှာလည်း ကွင်းလယ်ဒိုင်လူ ကြီးအဖြစ်တာဝန်ယူခဲ့ပါတယ်။အသက် ၄၁နှစ်ရှိ လျှပ်စစ်ဝန်ထမ်းဟောင်း ကလန်တန်ဘက်ဟာ ပြီးခဲ့တဲ့ချန် ပီယံလိဒ်ဗိုလ်လုပွဲနဲ့ အင်္ဂလန်အက်ဖ်အေဖလားဗိုလ်လုပွဲတွေကိုလည်း ကိုင်တွယ်ခဲ့ဖူး ပါတယ်။

အခုဆက်ပြီး ချန်ပီယံမဖြစ်ခဲ့ရင်တောင် ဗိုလ်လုပွဲကစားမယ့်နေ့ဟာ ထူးခြားတဲ့နေ့ ဖြစ်လာမယ်လို့ ပြင်သစ်ကွင်းလယ် လူ မာတွီဒီက ပြောတဲ့သတင်းကို တင်ဆက်ပေးခြင်ပါတယ်။ ပြင်သစ်နဲ့ပေါ်တူဂီ အသင်းတို့ရဲ့ ဗိုလ်လုပွဲကို တနင်္ဂနွေနေ့ မှာ.ယှဉ်ပြိုင်က စားရမှာဖြစ်ပြီး ဗိုလ်လုပွဲအတွက် စိတ်လူပ်ရှားနေတယ်လို့ ဆိုပါတယ်။ ဗိုလ်လုပွဲမှာဘယ်အသင်းကမှ ချန်ပီယံဖြစ်ဖို့ ရေပန်းစား တာမရှိဘဲ ပေါ်တူဂီအသင်းကလည်း ပြိုင်ပွဲအတွေအကြုံ ရင့်ကျက်တဲ့ အသင်းကောင်းဖြစ်လို့ ခက်ခက် ခဲခဲကစားရမယ်လို့ လည်း ပြောပါတယ်။ဒါပေမယ့်ပေါ်တူဂီထက်ပိုပြီး ကောင်းအောင်ကစားနိုင် မယ်လို့ယုံကြည်ပြီး ဗိုလ်လုပွဲကစားရမယ့်နေ့ဟာ မမေ့နိုင်စရာ အမှတ်ရစရာတွေ ဖြစ်လာလိမ့်မယ်လို့ မာတွီဒီကပြောပါတယ်။ NB

ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်း အနိုင်ရမယ်လို့ ဆင်မလေး ဇယ်လာက ခန့်မှန်း လိုက်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ယူရို ဗိုလ်လုပွဲစဉ်အဖြစ် အိမ်ရှင် ပြင်သစ်နဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲစဉ်နဲ့ ပက်သက်လို့ ဂျာမဏီနိုင်ငံ စတူဂတ် တိရစာဥယျဉ်ထဲက အသက် ၄၉ နှစ်အရွယ် ဆင်မလေး ဇယ်လာ ခန့်မှန်းလိုက်တာပါ။ သံနဲ့ ပြုလုပ်ထားတဲ့ ခြင်းထဲမှာ အသင်း ၂သင်းရဲ့ အလံပါတဲ့ ဘောလုံး ၂ လုံးထဲက တလုံးကို ရွေးချယ်ပြီး ခန့်မှန်းတာ ဖြစ်ပါတယ်။ ဆင်မလေး ဇယ်လာက ပေါ်တူဂီ အလံပါတဲ့ ဘောလုံးကို ရွေးချယ် လိုက်တဲ့အတွက် ဗိုလ်လုပွဲမှာ ပေါ်တူဂီ အနိုင်ရမယ်လို့ ခန့်မှန်းတာ ဖြစ်ပါတယ်။ ဇယ်လာဟာ ရှုံးထွက် ပွဲစဉ်တုန်းက ၃ ပွဲ ခန့်မှန်းရာမှာ ၃ ပွဲစလုံး မှန်ကန်ခဲ့ပါတယ်။ တိရဈာဥယဉ် တာဝန်ရှိသူကတော့ ဇယ်လာရဲ့ ခန့်မှန်းချက်တွေဟာ ၆၅ ရာခိုင်နှုန်းလောက် မှန်ကန်ပြီး ကမ္ဘာ့ဘောလုံး အားကစားနဲ့ ပက်သက်လို့ အတွေ့အကြုံတွေ ရှိတယ်လို့ ပြောပါတယ်။

ချက်အသင်း ဂိုးသမား ပီတာ ချက်ဟာ လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဂိုးသမား ပီတာ ချက်ရဲ့ ချက်အသင်းဟာ ယူရိုပြိုင်ပွဲမှာ အုပ်စု အဆင့်ကနေ ထွက်ခဲ့ ရပါတယ်။ အာစင်နယ် ဂိုးသမား ပီတာ ချက်ဟာ ချက်အသင်းအတွက် ပွဲပေါင်း ၁၂၁ ပွဲ ကစားပေးထားပါတယ်။ ပီတာချက်ကတော့ ချက်အသင်းအတွက် ကစားပေးခဲ့ရတဲ့ အချိန်တွေအတွက် ဂုဏ်ယူကြောင်း ပြောပါတယ်။ သူဟာ ချက်အသင်းနဲ့အတူ ယူရို ၂၀၀၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်းခဲ့ဖူးပါတယ်။

ဆက်လက်ပြီး ပြင်သစ်အသင်းဟာ လူကြိုက်များနေပေမယ့် ပေါ်တူဂီပဲအနိုင်ရမယ်ဆိုတာ ယုံကြည်နေတယ်လို့ ပေါ်တူဂီတိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုက ပြောကြားလိုက်တဲ့ သတင်းကို ရှုစားရဦးမှာပါ။ သူတို့တစ်သင်းလုံးဟာလည်း ချန်ပီယံဆုရဖို့အတွက် အိမ်မက်တွေ မက်နေကြပါတယ်လို့လည်းပြောပါတယ်။နောက်ပြီးတော့ရော်နယ်ဒိုကသူ့ဟာ ကလပ်အသင်းတွေများစွာနဲ့ ချန်ပီယံဆုဖလားရရှိပြီးဖြစ်ပေမယ့် နိုင်ငံအသင်းအတွက်လည်း ဆုဖလားဆွတ်ခူးပေးချင်တယ်လို့ဆိုပါတယ်။ပေါ်တူဂီအသင်းဟာ ဒီနှစ်ယူရိုမှာတော့ ခြေစွမ်းကောင်းမွန်ခြင်းမရှိခဲ့ပေမယ့် ကံတရားနဲ့အတူ အသင်းသားတွေ ခြေစွမ်းပြန်မှန်လာခဲ့တာကြောင့် ဗိုလ်လုပွဲအဆင့်ထိတက်ရောက်လာခဲ့ပါတယ်။ဗိုလ်လုပွဲမှာလည်း အိမ်ရှင်ပြင်သစ်ကိုအနိုင်ရပြီး သူတို့အသင်းအတွက် ပထမဆုံးအဓိက ဆုဖလားဆွတ်ခူးပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။