Surprise Me!

နန်းဝေေ၀ထွန်း ပြောတဲ့ ယူရို ဘောလုံး သတင်း အတိုအထွာများ

2016-07-10 1 Dailymotion

ပထမဆုံးအနေနဲ့ ယူရိုပြိုင်ပွဲနဲ့ ပက်သက်တဲ့ သတင်းအကျဉ်းတွေကို တင်ဆက်ပေးသွားမှာပါ။
ပေါ်တူဂီပရိသတ်တွေအတွက် ချန်ပီယံအရယူရမယ်လို့ နည်ုးက ဖာနန်ဒိုဆန်းချင်ဇ် ကပြောဆိုလိုက် ပါတယ်။ယူရိုပြိုင်ပွဲဗိုလ်လုပွဲရောက်ရှိရေးဟာ ပြိုင်ပွဲမတိုင်ခင်ကတည်းကရည်မှန်းထားတာဖြစ်ပြီး ဗိုလ်လုပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်နေတယ်လို့လည်း ပေါ်တူဂီနည်းပြကဆိုပါတယ်။ ပြင်သစ်အသင်း ရဲ့ခြေစွမ်းနဲ့ကစားသမားအင်အားကိုတော့ချီးကျူးလိုက်ပြီး ကမ္ဘာပေါ်ကနာမည်ကြီးထိ ပ်တန်းက လပ်တွေမှာကစားနေတဲ့ အရည် အသွေးရှိကစာသမားတွေပါဝင်နေတယ်လို့ဆန်းချက်ဖ်ကဆိုပါတယ်။ ဒါပေမယ့် ပေါ်တူဂီမှာလည်း အရည်အသွေးရှိတဲ့ထိပ်တန်းကစားသမားတွေပါဝင်နေလို့ ချန်ပီယံဆုရယူ ပြီးပေါ်တူဂီပရိသတ်တွေကို အောင်ပွဲခံခွင့်ရအောင်စွမ်းဆောင်သွားမယ်လို့ နည်းပြဖာနန်ဒိုဆန်းတို့စ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

နောက်သတင်းတပုဒ်မှာတော့ ပေါ်တူဂီအသင်းမှာ အရည်အသွေးရှိ ကစားသမားတွေရှိပြီး ဗိုလ်လုပွဲနဲ့ ထိုက်တန်လို့ တက်ရောက်လာတယ်ဖြစ် တယ်လို့ ပြင်သစ်နည်းပြ ဒမ့်ချန့်က ချီးကျူးပြောဆို လိုက်တဲ့သတင်းကို တင်ဆက်ပေးမှာပါ။ ပေါ်တူဂီအသင်းရဲ့ နောက်တန်းဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး တိုက်စစ်မှာလည်း လျင်မြန်ပြီး အတွေ့အကြုံရှိ တဲ့ ကစားသမားတွေရှိတယ်လို့ ပြင်သစ်နည်းပြက ချီးကျူးပါ တယ်။ပြင်သစ်နည်းပြဒမ့်ချန့်ဟာ ယူရို၂၀၀၀ ပြိုင်ပွဲမှာ ပြင်သစ်အသင်းချန်ပီယံဖြစ်ခဲ့တုန်းက ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပြီး နည်းပြဘ၀မှာလည်း ပြင်သစ်နဲ့အတူ ယူရိုဖလားရဖို့ အခွင့်းအရေး ရှိနေပါတယ်။အိမ်ကွင်းမှာ ကစားရတာကတော့ အားသာချက်တစ်ခုဖြစ်ပြီး ဗိုလ်လုပွဲအပေါ်မှာပဲ အာရုံစိုက်ကစားဖို့လိုတယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားခဲ့ပါတယ်။

ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်း အနိုင်ရမယ်လို့ ဆင်မလေး ဇယ်လာက ခန့်မှန်းပါတယ်။ မနက်ဖြန် မနက်စောစောမှာ ယူရို ဗိုလ်လုပွဲစဉ်အဖြစ် အိမ်ရှင် ပြင်သစ်နဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲစဉ်နဲ့ ပက်သက်လို့ ဂျာမဏီနိုင်ငံ စတူဂတ် တိရစာဥယျဉ်ထဲက အသက် ၄၉ နှစ်အရွယ် ဆင်မလေး ဇယ်လာ ခန့်မှန်းလိုက်တာပါ။ သံနဲ့ ပြုလုပ်ထားတဲ့ ခြင်းထဲမှာ အသင်း ၂သင်းရဲ့ အလံပါတဲ့ ဘောလုံး ၂ လုံးထဲက တလုံးကို ရွေးချယ်ပြီး ခန့်မှန်းတာ ဖြစ်ပါတယ်။ ဆင်မလေး ဇယ်လာက ပေါ်တူဂီ အလံပါတဲ့ ဘောလုံးကို ရွေးချယ် လိုက်တဲ့အတွက် ဗိုလ်လုပွဲမှာ ပေါ်တူဂီ အနိုင်ရမယ်လို့ ခန့်မှန်းတာ ဖြစ်ပါတယ်။ ဇယ်လာဟာ ရှုံးထွက် ပွဲစဉ်တုန်းက ၃ ပွဲ ခန့်မှန်းရာမှာ ၃ ပွဲစလုံး မှန်ကန်ခဲ့ပါတယ်။ တိရဈာဥယဉ် တာဝန်ရှိသူကတော့ ဇယ်လာရဲ့ ခန့်မှန်းချက်တွေဟာ ၆၅ ရာခိုင်နှုန်းလောက် မှန်ကန်ပြီး ကမ္ဘာ့ဘောလုံး အားကစားနဲ့ ပက်သက်လို့ အတွေ့အကြုံတွေ ရှိတယ်လို့ ပြောပါတယ်။

ပြင်သစ်နဲ့ ဗိုလ်လုပွဲမှာ ကစားနိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပေါ်တူဂီ နောက်ခံလူ ပီပီက ပြောပါတယ်။ နောက် တန်းသမား ပီပီဟာ ဒဏ်ရာကြောင့် ဝေးလ်ကို အနိုင်ရတဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ပီပီကတော့ ပြင်သစ်အသင်းမှာ စွမ်းဆောင်ရည်မြင့်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဂရစ်မန်းနဲ့ဆို စပိန်လိဂ်မှာ တော်တော်များများ ဆုံဖူးပါတယ်။ ဒါပေမယ့် သူတယောက်တည်းကို အာရုံစိုက်မှာ မဟုတ်ဘဲ တသင်းလုံးကို ဂရုစိုက်ပြီး ယှဉ်ပြိုင်သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကတော့ သူတို့အသင်း အနိုင်ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ နိုင်ငံတကာ ဘောလုံးအကဲခတ် တော်တော်များများကတော့ အိမ်ရှင် ပြင်သစ်ကို အလေးပေးထားပါတယ်။

ပေါ်တူဂီအသင်းရဲ့ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ ကြောက်စရာ အကောင်ဆုံး ကစားသမားတစ်ယောက်ဖြစ်လာပြီလို့ဂျာမန်နောက်ခံလူ ဟန်းမဲလ်ကပြောတဲ့ သတင်းကိုလည်း တင်ဆက်ပေးခြင်ပါတယ်။ ရီနာတိုဆန်းချက်စ်ဟာ ကိုယ်ခန္ဒာပိုင်းကြံခိုင် မှုပိုင်းမှာ တင်မကပဲ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း အသက်ငယ်ပေမယ့် အမြင့်ဆုံးမှာရှိနေတယ်လို့လည်းပြောပါတယ်။ပြီးတော့ သူဟာ နေရာစုံကစားနိုင်တဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီးတော့ ဗိုလ်လုပွဲမှာလည်း သူဟာ ခြေစွမ်းထပ်ပြနိုင်မယ်လို့ ဟန်းမဲလ်က ပြောပါတယ်။ရီနာတိုဆန်းချက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက ပေါ်တူဂီကလပ် ဘင်ဖီကာမှာ ကစားခဲ့ပြီးတော့ ခြေစွမ်းပြနိုင်တာကြောင့် ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်အသင်းက ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်ရှင်။

Buy Now on CodeCanyon