အခုအပတ် ဒီဗီဘီ ဒီဘိတ် ခေါင်းစဉ်ကတော့ လာမယ့်ရွေးကောက်ပွဲမှာေ၇ွးကောက်ခံမယ့်ကိုယ်စားလှယ်တွေ
နဲ့ မဲဆန္ဒရှင်တွေအကြား ဘယ်လိုစိန်ခေါ်မှုမျိုးတွေရှိနေလဲ ဆိုတာဖြစ်ပါတယ်။ ဒီဘိတ်မှာ တက်ရောက်သူအချို့
နဲ့ပြည်သူအများစုက ဒီစိန်ခေါ်မှုတွေမတိုင်ခင် လာမယ့်ရွေးကောက်ပွဲဖြစ်မဖြစ်ဆိုတာကို သံသယရှိနေကြပါ
တယ်။ ဒါကို အဓိက ဦးဆောင်ဆွေးနွေးသူတစ်ယောက်ဖြစ်တဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်တည်ထောင်သူ
ဦးလွင်ကိုလတ်က ရွေးကောက်ပွဲဖြစ်မှာသေချာတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်နဲ့အစိုးရ
သက်တမ်း ၄ နှစ်အတွင်းအခြေအနေနဲ့ လက်ရှိ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ရှုံးနိမ့်မှုအပါအ၀င် မဲဆန္ဒရှင်
တွေရဲ့နိုင်ငံရေးအသိအမြင်နိုးကြွလာမှုတွေက ရွေးကောက်ခံမယ့်သူနဲ့ မဲဆန္ဒရှင်တွေအကြား စိန်ခေါ်မှုတွေရှိလာ
နေပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ မဲစာရင်းမှားယွင်းမှုတွေက လူထုရဲ့ရွေးကောက်ပွဲအပေါ် ယုံကြည်မှု
ထိခိုက်စေနိုင်ပြီး ဒါဟာ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတယ်လို့ ဒေါက်တာရန်မျိုးသိမ်းကဆိုပါတယ်။
ဒီပွဲမှာ ပြင်ပကနေ အထူးဝင်ရောက်ဆွေးနွေးခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကတော့
ရွေးချယ်ခံမဟုတ်ဘဲ လွှတ်တော်ထဲဝင်ထိုင်နေသူတွေနဲ့ ပြည်သူတွေအကြားထိပ်တိုက်
တွေ့လာမှာက အဓိကစိန်ခေါ်မှုဖြစ်နေတယ်လို့ဆိုပါတယ်။