Surprise Me!

DVB Debate Report:"It seems that the police are misusing their force"

2016-08-19 6 Dailymotion

အခုအပတ်ဒီဗီဘီ ဒီဘိတ်ကို ဒီကနေ့မြန်မာ့လူ့အဖွဲ့အစည်းမှာ စိုးရိမ်ကြောင့်ကြနေကြရတဲ့ အုပ်စုဖွဲ့ရာဇ၀တ်
မှုကျူးလွန်မှုတွေကို ဘယ်လိုကိုင်တွယ်ထိန်းချုပ်ကြမလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်ပါတယ်။ ဒီဘိတ်ရဲ့ စစပိုင်း
မှာပဲ အဲဒီလို ရာဇ၀တ်မှုတွေများပြားလာတာဟာ တရားဥပဒေစိုးမိုးမှုမရှိလို့ဖြစ်ပြီး ဒါတွေဟာ ၁၉၆၄-၆၅ ခု
စတာပဲလို့ တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က အခိုင်အမာပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြစ်မှုကြီးပေါင်း ၂၃၁၈ မှုရှိခဲ့ပြီး ၂၀၁၃ ခုနှစ်ရောက်
တဲ့အခါ ပြစ်မှုကြီးပေါင်း ၂၃၂၄ မှုရှိခဲ့တဲ့အတွက် ပိုများလာတာကိုတွေ့ပါတယ်။ အဲဒီထဲမှာ အုပ်စုဖွဲ့ကျူးလွန်တဲ့
ရာဇ၀တ်မှုတွေအပါအ၀င်ဖြစ်ပါတယ်။ ဒါတွေကိုလျှော့ချဖို့ ပြည်သူတွေဘက်မှာလည်း ပူးပေါင်းကူညီဖို့ တာဝန်ရှိ
တယ်ဆိုတဲ့ ရဲမှုရဲ့ဆွေးနွေးချက်ကို ဆွေးနွေးသူတွေအကြား အချေအတင်ဖြစ်ခဲ့ကြပါတယ်။
ဒီဆွေးနွေးမှုနဲ့ပတ်သတ်ပြီး အထူးဧည့်သည်ဖြစ်တဲ့ အဆိုတော် ယုန်လေးက ချက်ချင်းကြားဖြတ်ကန့်ကွက်ကာ
သူ့ရဲ့အမြင်ကို ၀င်ရောက်ဆွေးနွေးခဲ့တဲ့အတွက် ပွဲဆူသွားခဲ့ရပါတယ်။
ပြင်ပက၀င်ရောက်ဆွေးနွေးတဲ့ ရှေ့နေတဦးကတော့ မြန်မာနိုင်ငံမှာ ရာဇ၀တ်မှုကျူးလွန်သူတွေအတွက် ပြစ်မှုနဲ့ပြစ်ဒဏ်မျှတခြင်းမရှိတာကြောင့် သူတို့တွေဟာ ရာဇ၀တ်မှုတွေကို အလွယ်တကူကျူးလွန်လေ့ရှိကြ တယ်လို့ဆိုပါတယ်။

Buy Now on CodeCanyon