ဒီကနေ့လို့ အသွင်ကူးပြောင်းရေးကာလမှာ မှန်ကန်တဲ့ဗဟိုချုပ်ကိုင်ရေး ရှိရမယ်လို့ သူ့အနေနဲ့ယုံကြည် ကြောင်း သမ္မတရုံး ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်က အခုအပတ် ဒီဘိတ်မှာပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတကိုယ်တိုင် အတည်ပြုလက်မှတ်ထိုးလိုက်တဲ့၊ လက်တလော အငြင်းပွားနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသားပညာရေးဥပဒေမှာ ဗဟိုချုပ်ကိုင်မှုကိုထည့် သွင်းထား တာနဲ့ပတ်သတ်ပြီး အခုလိုပြောဆိုခဲ့ တာဖြစ်ပါတယ်။
ဒါကို ဒေါ်ညိုညိုသင်းက ပညာရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို အဆုံးအစမရှိ ပေးမထားဘဲ အကန့်အသတ်နဲ့သာရှိစေချင်တယ်လို့
ပြန်လည်ချေပပြောဆိုပါတယ်။
အခုအပတ် ဒီဗီဘီ ဒီဘိတ်မှာ သမ္မတရုံး ပညာရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်၊
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာခင်ဇော် နဲ့ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှုကော်မတီက မဖြိုးဖြိုးအောင်
တို့က အဓိကဆွေးနွေးသွားခဲ့ကြတာဖြစ်ပါတယ်။