Surprise Me!

DVB Debate Report:“The constitution of 2008 is more important to amend then to enact marriage law”

2016-08-20 5 Dailymotion

မြန်မာအမျိုးသမီးတွေအတွက် အကာအကွယ်ပေးထားတဲ့ဥပဒေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်၁၉၅၄ ခုနှစ်ကတည်းကပြဌာန်းထားတဲ့အတွက် သီးခြားထပ်ပြီးဥပဒေပြဌာန်းစရာမလိုဘူးလို့အခုအပတ်ဒီဗီဘီ ဒီဘိတ်မှာ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဝင်းက ဆွေးနွေးပြောဆိုပါတယ်။<br />ဒါကို အများစုက လက်က္ခံသဘောတူကြပေမယ့် ဦးကျော်ဆွေကတော့ လိုအပ်တယ်လို့ ခပ်ပြတ်ပြတ်ပဲငြင်းဆိုလိုက်ပါတယ်။ ၁၉၅၄ ဥပဒေဟာ လက်ရှိအခြေအနေနဲ့ကိုက်ညီမှုမရှိတော့တဲ့အတွက် ဘာသာရေးစွတ်ဖက်တဲ့၊ ဓလေ့ထုံးစံစွတ်ဖတ်တဲ့ဥပဒေမျိုးမဟုတ်ရင် ပြဌာန်းသင့်တယ်လို့သူ့ရဲ့သဘော ထားကိုအတိအလင်းပြောဆိုသွားပါတယ်။<br />အခုအပတ်ဒီဗီဘီဒီဘိတ်ကို မြန်မာနိုင်ငံအထက်ပိုင်းရဲ့မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ သွားရောက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဦးကျော်ဆွေ၊ မေတ္တာကမ်ပိန်းအဖွဲ့က<br />ဒေါ်အမာနီ၊ တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းနဲ့ သခင်ကိုယ်တော်မှိုင်းကွန်ရက်က ဦးတင်အေးကြူတို့က အဓိကဆွေးနွေး သွားခဲ့ကြတာဖြစ်ပါတယ်။

Buy Now on CodeCanyon