Surprise Me!

Apple unveils iPhone 7; ditches the audio jack, and with Super Mario

2016-09-08 368 Dailymotion

Apple နည်းပညာကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ iPhone 7 ကို စက်တင်ဘာ ၇ ရက်နေ့က ဆန်စရန်စစ္စကိုမြို့ Apple ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ ပြသခဲ့ပါတယ်။

iPhone 7 ရဲ့ အထူးခြားဆုံး Feature တခုကတော့ နားကြပ်ပေါက်ကို သီးသန့်မထားတော့ဘဲ Lighting အားသွင်းပေါက်နဲ့ တပေါက်တည်း အသုံးပြုထားတာ ဖြစ်ပါတယ်။

နားကြပ်ပေါက်ကို ပေါင်းလိုက်လို့ တခြားအစိတ်အပိုင်းတွေအတွက် နေရာပိုရလာတယ်၊ Apple ကပဲ ထုတ်လုပ်လိုက်တဲ့ Wifi နားကြပ် Airpods ပိုပြီးအသုံးပြုဖို့ အားပေးမယ်လို့ Apple က ပြောပါတယ်။

ဒီနားကြပ်ပေါက်ကို ပေါင်းလိုက်ဖို့ Apple က အတော်လေး စဉ်းစားခဲ့ရပြီး လက်ရှိ iPhone အသုံးပြုသူတွေဆိုရင် ဒီ Airpods ကိုသုံးဖို့ သီးသန့် Adapter တခုနဲ့ ၀ယ်ရမှာ ဖြစ်ပါတယ်။

အခု Apple ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲဟာ iPhone တွေ အရောင်းကျပြီး Apple ဈေးကွက်ဝေစု တနှစ်လုံးလုံး ကျဆင်းခဲ့ချိန်မှာ ကျင်းပတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်ကလည်း အိုင်ယာလန်နိုင်ငံမှာ အခွန်လျော့ပေါ့ခွင့် ရခဲ့မှုအတွက် ယူရိုငွေ ၁၃ ဘီလီယံ ဒဏ်ကြေးပြန်ဆောင်ဖို့ ဥရောပကော်မရှင်က ဆုံးဖြတ်ခဲ့ပါသေးတယ်။

အခုနှစ်ထဲမှာပဲ လီနိုဗိုကုမ္ပဏီနဲ့ တခြား တရုတ်နည်းပညာကုမ္ပဏီတွေက စမတ်ဖုန်းတွေမှာ နားကြပ်ပေါက်တွေကို iPhone တွေထက်စောပြီး အရင်ဖြုတ်ချခဲ့ကြတာပါ။

အခု iPhone 7 ဟာ ရေ ၁ မီတာအနက်မှာ နာရီဝက် အစိမ်ခံပြီး iPhone 7 plus မှာတော့ မှန်ဘီလူး ၂ ခုပါတဲ့ ကင်မရာတခု ပါဝင်ပါတယ်။

Apple Wifi နားကြပ်ဖြစ်တဲ့ Airpods ကိုတော့ အမေရိကန်ဒေါ်လာ ၂၀၀ ကျော်နဲ့ ရောင်းချမှာဖြစ်ပါတယ်။

Video credit - Apple

Buy Now on CodeCanyon