ZawGyi-
ျမန္မာႏိုင္ငံမွာရွိတဲ့ အမ်ိဳးသမီးငယ္မ်ားကို ဆက္သြယ္ေရးႏွင့္ နည္းပညာ၏ အသံုးဝင္မႈမ်ားကို သိရွိၿပီး အသက္ေမြးဝမ္းေၾကာင္းပညာရပ္အေနျဖင့္ အသံုးခ်တတ္လာေစရန္ ရည္ရြယ္သည့္ Girls in ICT Day အထိမ္းအမွတ္ပြဲကို ယေန႔ ဧၿပီ ၂၇ ရက္ေန႔က ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ YWCA ခန္းမတြင္ က်င္းပျပဳလုပ္ခဲ့သည္။

အဆိုပါ အခမ္းအနားတြင္ ေဆြးေႏြးပြဲမ်ား၊ မွတ္တမ္းဗီဒီယို႐ိုက္ကူးနည္းႏွင့္ လူမႈကြန္ရက္ အသံုးျပဳနည္းမ်ားကို ေဆြးေႏြးေျပာၾကားခဲ့ၾကသည္။
“တကယ္ကို စစ္ေဘးေရွာင္ေဒသမွာ ေနထိုင္တဲ႔ အမ်ိဳးသမီးေတြ ျဖစ္ေသာ္ျငားလည္း ဒီလိုအိုင္တီကို တတ္ကၽြမ္းနားလည္လိုက္ျခင္းျဖင့္ သူတို႔ေဒသေတြမွာ ဘယ္လို အသံုးခ်ရမယ္ ဆိုတာ သိလာတယ္ေပါ့ေနာ္။ အဲဒါအျပင္ အင္တာနက္ကို အသံုးျပဳၿပီးေတာ႔ စီးပြားေရးနဲ႔ ပတ္သက္တာေတြ ၊ ေနာက္ၿပီး သူတို႔ရဲ႕ပညာေရးေပါ့ေနာ္ ေနာက္ၿပီး ဗဟုသုတေတြ ေလ့လာတဲ႔ေနရာေတြ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ရွာေဖြတဲ႔ေနရာမ်ိဳးေတြမွာ သူတို႔ အသံုးျပဳလာႏိုင္တယ္ဆိုတာကို ကၽြန္မတို႔က စကားဝိုင္းအားျဖင့္ ဒီမွာတက္ေရာက္လာတဲ႔ အမ်ိဳးသမီးေတြကို သိေစခ်င္တာေပါ့ေနာ္” ဟု Young Women Christian Association ၏ အတြင္းေရးမွဴး မနန္႔ေမသန္႔က ဆိုသည္။

သံေတာင္ႀကီးၿမိဳ႕မွ လာေရာက္ေဆြးေႏြးေသာ ကရင္တိုင္းရင္းသူတစ္ဦးျဖစ္သည့္ ဆာမူးေစးက လူမႈကြန္ရက္မီဒီယာေပၚမွတဆင့္ စက္ခ်ဳပ္လုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္သည္။
“အိတ္ခ်ဳပ္တာေပါ့ေနာ္။ အိတ္ခ်ဳပ္ၿပီးေတာ႔ ေဖ့စ္ဘုတ္ေပၚမွာ တင္ၿပီးေတာ႔ အထည္ေတြ ေအာ္ဒါေတြမွာတာ ရရွိခဲ႔ပါတယ္။ အဲဒါေတြအေၾကာင္းကို ေဆြးေႏြးခဲ႔ပါတယ္” ဟု သူက ဆက္ေျပာသည္။

Girls in ICT Day အထိမ္းအမွတ္ပြဲကို YWCA က ၂၀၁၅ ခုႏွစ္တြင္ ပထမဆံုးအႀကိမ္ ဦးေဆာင္က်င္းပခဲ့ၿပီး ယခုအႀကိမ္သည္ တတိယအႀကိမ္ေျမာက္ ျဖစ္သည္။

Unicode-
မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးငယ်များကို ဆက်သွယ်ရေးနှင့် နည်းပညာ၏ အသုံးဝင်မှုများကို သိရှိပြီး အသက်မွေးဝမ်းကြောင်းပညာရပ်အနေဖြင့် အသုံးချတတ်လာစေရန် ရည်ရွယ်သည့် Girls in ICT Day အထိမ်းအမှတ်ပွဲကို ယနေ့ ဧပြီ ၂၇ ရက်နေ့က ဗိုလ်တထောင်မြို့နယ်ရှိ YWCA ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဆွေးနွေးပွဲများ၊ မှတ်တမ်းဗီဒီယိုရိုက်ကူးနည်းနှင့် လူမှုကွန်ရက် အသုံးပြုနည်းများကို ဆွေးနွေးပြောကြားခဲ့ကြသည်။
“တကယ်ကို စစ်ဘေးရှောင်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေ ဖြစ်သော်ငြားလည်း ဒီလိုအိုင်တီကို တတ်ကျွမ်းနားလည်လိုက်ခြင်းဖြင့် သူတို့ဒေသတွေမှာ ဘယ်လို အသုံးချရမယ် ဆိုတာ သိလာတယ်ပေါ့နော်။ အဲဒါအပြင် အင်တာနက်ကို အသုံးပြုပြီးတော့ စီးပွားရေးနဲ့ ပတ်သက်တာတွေ ၊ နောက်ပြီး သူတို့ရဲ့ပညာရေးပေါ့နော် နောက်ပြီး ဗဟုသုတတွေ လေ့လာတဲ့နေရာတွေ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရှာဖွေတဲ့နေရာမျိုးတွေမှာ သူတို့ အသုံးပြုလာနိုင်တယ်ဆိုတာကို ကျွန်မတို့က စကားဝိုင်းအားဖြင့် ဒီမှာတက်ရောက်လာတဲ့ အမျိုးသမီးတွေကို သိစေချင်တာပေါ့နော်” ဟု Young Women Christian Association ၏ အတွင်းရေးမှူး မနန့်မေသန့်က ဆိုသည်။

သံတောင်ကြီးမြို့မှ လာရောက်ဆွေးနွေးသော ကရင်တိုင်းရင်းသူတစ်ဦးဖြစ်သည့် ဆာမူးစေးက လူမှုကွန်ရက်မီဒီယာပေါ်မှတဆင့် စက်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
“အိတ်ချုပ်တာပေါ့နော်။ အိတ်ချုပ်ပြီးတော့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပြီးတော့ အထည်တွေ အော်ဒါတွေမှာတာ ရရှိခဲ့ပါတယ်။ အဲဒါတွေအကြောင်းကို ဆွေးနွေးခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

Girls in ICT Day အထိမ်းအမှတ်ပွဲကို YWCA က ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။