သန်လျင်မြို့ဆိုတာ

- ရှေးမြန်မာဘုရင်များလက်ထက်ကတည်းကထင်ရှားခဲ့တဲ့မြို့ ၊
- ဒဏ္ဌာရီတွေ သမိုင်းတွေ နဲ့ ရောထွေးယှက်တင်နေတဲ့ မြို့ ၊
- လွန်လေပြီးသော နှစ်၃၀၀နီးပါးက မြန်မာနိုင်ငံရဲ့ အဓိကဆိပ်ကမ်းမြို့တော် ဖြစ်ခဲ့ဘူးတဲ့မြို့ ၊
- အခုလည်း မဝေးတော့တဲ့ နောင်အနာဂါတ် မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက်အဓိကအချက်အချာမြို့ တစ်ခုဖြစ်လာတော့မယ့် … သန်လျင် ....

သန်လျင်လို့ပြောလိုက်ရင် ကျိုက်ခေါက်စေတီကိုလည်း သတိရကြသလို ကျိုက်ခေါက်လို့ပြောလိုက်ရင် သန်လျင်မြို့မှန်းတန်းသိပါတယ်။
ခေတ်အဆက်ဆက် မင်းပေါင်းစုံ တည်ထားပြုပြင်ခဲ့တဲ့ ကျိုက်ခေါက်စေတီရဲ့ဘွဲ့တော် အပြည့်အစုံကရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ပါ။ဒီလိုဘွဲ့တော်ကိုဘယ်လိုရလာသလဲဆိုတော့ ရသများနဲ့ ခရီးစဉ် (သန်လျင်) မှာ ကြည့်ရှုကြရမှာပါ။