ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားခအသုံးပြုမှုသုံးဆ ကောက်ခံမည်မဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှာ တရားဝင်ငြင်းဆို လိုက်ပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရန်ကုန်မြို့တော့်လျှပ်စစ်ဓာတ်အားပေးရေးကော်ပရေးရှင်းမှ တာဝန်ရှိသူများ ကျွမ်းကျင်ပညာရှင်များ စီးပွားရေး လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါတယ်။<br /><br />သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/24169