ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ခြောက်ဆယ့်ငါးကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက National Costume ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။<br />ဒီဇိုင်နာ လဇိန်ဂမ်ထွဲရဲ့ မြန်မာ့ရုပ်သေးသဘင်ကို နိုင်ငံတကာစင်မြင့်မှာ ချပြခဲ့တဲ့ ၀တ်စုံနဲ့ အခုလိုဆွတ်ခူးရရှိခဲ့တာပါ။ ဒီဆုဟာ မြန်မာနိုင်ငံအတွက် Miss Universe ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့တစ်လျှောက် title ဆုတစ်ဆု ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။<br />ဒီပြိုင်ပွဲအတွက် အလှမယ် ထက်ထက်ထွန်းအနေနဲ့ ဘယ်လိုတွေပြင်ဆင်ခဲ့ရတယ်၊ ရှေ့ဆက်ဘာတွေလုပ်ဆောင်သွားမယ်ဆိုတာကို မဇ္ဈိမက အခုလိုတွေ့ဆုံမေးမြန်းပေးထားပါတယ်။