7 mins တွေ့ဆုံမေးမြန်းမှုကို ဆက်ပြီး တင်ဆက်ပေးချင်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စင်ကာပူ-မြန်မာ နှစ်နိုင်ငံ ရက် ၃၀ ကြာ ဗီဇာကင်းလွတ်ခွင့်ကနေ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်လာမှုအခြေအနေကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ဒီကနေ တင်ပြထားပြီးဖြစ်ပါတယ်။ အခုတစ်ပတ်မှာလည်း အဲဒိရဲ့ ဒုတိယပိုင်း ဆွေးနွေးမှုကနေ နှစ်နိုင်ငံ စီးပွားဆက်ဆံရေးတိုးမြှုင့်နိုင်မလားဆိုတာကို ပြောပြချင်ပါသေးတယ်။ ကိုအောင်သူရက မြန်မာနိုင်ငံခရီးသွား လုပ်ငန်း မြှင့်တင်ရေး ဥက္ကဌဖြစ်သူ ဒေါ်မေမြတ်မွန်ဝင်းကို တွေ့ဆုံထားပါတယ်။