ရွှေစင်မင်း ဆိုတဲ့ ပရဟိတစာသင်ကျောင်းဟာ သီလရှင်သင်စာသင်ကျောင်းဖြစ်ပြီး ပြင်ဦးလွင်မြို့မှာ တည်ရှိပါတယ်။ ဒီကျောင်းမှာ စောင့်ရှောက်ထားတဲ့ တိုင်းရင်းသားဒေသက အမျိုးသမီးငယ်ပေါင်း ၆၀၀ ကျော်လည်း ရှိနေပါတယ်။ ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာဖို့အတွက် နွေးထွေးတဲ့မေတ္တာကို ရရှိဖို့ လိုအပ်ပါတယ်။ ဒီနေရာကို ရောက်ရှိလာတဲ့ကလေးငယ်တွေဟာ အသိပညာ၊ အတတ်ပညာတွေသာမက နွေးထွေးတဲ့မေတ္တာကိုလည်း ရရှိနေကြပါတယ်။
