အခုတစ်ခါ ရုပ်ရှင်ဥပဒေကို ခေတ်နဲ့ လျော်ညီအောင် ပြင်ဆင်ရေးဆွဲနေတယ်ဆိုတာကို ပြောပြချင်ပါတယ်။ ဥပဒေရေး ဆွဲမှာနဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒိ ဖိုရမ်မှာ ဥပဒေအသစ် ပြင်ဆင်ရေးဆွဲဖို့အပြင် ရုပ်ရှင်လောကက အသက်မွေးဝမ်းကျောင်း ပြုလုပ်သူတွေကို စာချုပ်ချုပ် ဆိုပြီး စနစ်တကျ အလုပ်လုပ်ကိုင်ဖို့ စတာတွေကို ဆွေးနွေးခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် ကတည်းက ရုပ်ရှင်ဥပဒေ ရှိခဲ့ပေမယ့် အခုခေတ်နဲ့ လျော်ညီအောင် လုပ်ကိုင်ဖို့ လိုအပ်တာကြောင့် ပြင်ဆင်ရမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရုပ်ရှင်လောကသား တွေဘက်က ပြင်ဆင်ချင်တာ၊ တင်ပြချင်တာတွေကို တစ်လအတွင်းတင်ပြရမှာဖြစ်တယ်လို့ ရုပ်ရှင်လောကသားတစ်ဦးဖြစ် တဲ့ ဦးဇာဂနာကပြောပါတယ်။ ဒီရုပ်ရှင်ဥပဒေအသစ် ထွက်လာရင်လည်း ဥပဒေအပေါ် လေးစားလိုက်နာဖို့နဲ့ ဥပဒေကို တကယ်အသက်ဝင်အောင် လုပ်ရဲ့လားဆိုတာက စောင့်ကြည့်ရဦးမှာပါ။
