မင်္ဂလာပါ YOPE သူငယ်ချင်းတို့ရေ..
ဒီနေ့မှာတော့ YOPE ရက် ၁၀၀ ပြည့် အထိမ်းအမှတ်အစီအစဉ်အတွက် YOPE Star ရဲ့ Red Chair ပေါ်ကိုရောက်ရှိလာသူကတော့ မဇ္စျိမ မီဒီယာကို ဦးဆောင် တည်ထောင်သူတစ်ဦးလည်းဖြစ်တဲ့အပြင် YOPE program ကို စတင်လမ်းဖွင့်ပေးခဲ့သူ ဦးစိုးမြင့် ပဲဖြစ်ပါတယ်.. သူက YOPE မေးခွန်း ၅ ခုကို ဘယ်လိုပြန်ဖြေပေးသွားမလဲဆိုတာကိုတော့ video မှာကြည့်ကြည့်ပေးပါဦးနော်..

YOPE Star အစီအစဉ်ရဲ့ရည်ရွယ်ချက်ကတော့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေကို လူငယ်တွေရဲ့စံပြအဖြစ် အတုယူနိုင်စေဖို့တင်ဆက်ပေးနေတာဘဲဖြစ်ပါတယ်.. YOPE Star မှာပါဝင်တဲ့ Red Chair ရဲ့ အဓိပ္ပါယ်က ညီတူညီမျှဖြစ်ပါတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မည်သူမဆို ဒီ red chair ပေါ်မှာထိုင်စေပြီး YOPE ရဲ့မေးခွန်းတွေကိုဖြေစေခြင်းဖြစ်ပါတယ်..YOPE မေးခွန်း ၅ မျိုးဆိုတာကလည်း လူငယ်တွေအတွက် အတုယူနိုင်မယ့်မေးခွန်းတွေအပြင် ပျော်ရွင်စရာ ဥာဏ်စမ်းလေးတွေပါထည့်သွင်းမေးမြန်းထားပါတယ်.

ဒီတော့ ပြီးခဲ့တဲ့ YOPE Star တွေကို ပြန်လည်ကြည့်ရှုနိုင်ဖို့
http://yope.mizzima.com/category/red-chair/
ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ..
ရွှင်လန်းချမ်းမြေ့ကြပါစေ..