မင်္ဂလာပါ YOPE သူငယ်ချင်းတို့ရေ
ဒီနေ့မှာတော့ Brave voice အစီအစဉ်မှာ ထူးထူးခြားခြား.. Yope ရဲ့ ပရိသတ်တွေကို လိုက်လံမေးမြန်းထားပါတယ်.
YOPE ကဘယ်အစီအစဉ်တွေကို ပရိသတ်တွေက ကြိုက်နှစ်သက်ကြလဲဆိုတဲ့မေးခွန်းဘဲဖြစ်ပါတယ်..
YOPE program ရဲ့ ဖြတ်သန်းခဲ့တဲ့ ရက် ၁၀၀ မှာ ပရိသတ်တွေရဲ့ အမြင်ကဘယ်လိုရှိမလဲ ..
သူငယ်ချင်းတို့ကလဲ comment မှာ YOPE ရဲ့ ဘယ် programကို ကြိုက်နှစ်သက်လဲ ဘာကြောင့်လဲဆိုတာ ပြောသွားပါဦးနော်..
သူငယ်ချင်း တို့ရဲ့ အကြံပြုချက်တွေကို အမြဲစောင့်ကြည့်ပြီး ပိုပြီးကောင်း သထက်ကောင်းအောင် YOPE အဖွဲ့သားတွေကကြိုးစားနေကြတာမို့ သူငယ်ချင်းတို့ရဲ့ comment တွေကအရေးပါပါတယ်..
ဆက်လက်ကြိုးစားသွားဦးမှာပါ..သူငယ်ချင်းတို့ရေ...

Brave Voice program ရဲ့ရည်ရွယ်ချက်ကတော့ လူငယ်တွေကြားမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ၊ လက်တလော ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို မေးခွန်းလေးတွေထုတ်ပြီး လူငယ်တွေကို လိုက်လံမေးမြန်းပေးတဲ့ အစီအစဉ်ဘဲဖြစ်ပါတယ်. ဒီတော့ လူငယ်တွေရဲ့တကယ့် ရင်ထဲက အသံတွေကို online ပေါ်ကတဆင့် လူငယ်အားလုံးရဲ့ကိုယ်စား ရဲရဲဝံ့ဝံ့ တင်ပြပေးနိုင်ခြင်းဖြစ်ပါတယ်..

Brave Voice အပိုင်းတွေကို http://yope.mizzima.com/category/brave-voices/ မှာပြန်လည်ကြည့်ရှုခံစားနိုင်ပါတယ်နော်..