ပုပ္ပားတောင်ဒေသရဲ့ ထူးခြားမှုဟာ အပူပိုင်းဒေသအတွင်း စိမ်းညို့လှပနေတဲ့ ရှုခင်းတွေဖြစ်ပါတယ်။ ဒါက အပေါ်ယံလောက်သာ ကျမ တွေ့မြင်မိတဲ့အကြောင်းသာဖြစ်ပြီး ထူးခြားနက်နဲလှတဲ့ အတိတ်ဖြစ်စဉ်တွေက ကျယ်ပြန့်လှပါတယ်။<br />ရှေးခေတ် ရိုးရာ ကိုးကွယ်ယုံကြည်မှုတွေ၊ ဒဏ္ဍာရီဇာတ်လမ်းတွေနဲ့ ကမ္ဘာမြေရဲ့ ထူးခြားတဲ့ ဘူမိဗေဒဖြစ်စဉ်တွေက ပုပ္ပားဒေသကို ထင်ရှားစေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပုပ္ပားလို့ ဆိုလိုက်ရင် မြန်မာတွေသာမက ကမ္ဘာကပါ သိနေကြပါပြီ။ ဘာတွေကြောင့် ပုပ္ပားဒေသဟာ ထင်ရှားနေရသလဲ .. ကျမတို့ Tasty Trip တီဗွီအစီအစဉ်က ဒီအရာတွေကို ရှာဖွေပေးဖို့ အခု ပုပ္ပားဒေသဆီကို သွားခဲ့ပါတယ်။