YAK ဆိုတာက ဒဏ္ဍာရီလာ ရဲရင့်မြင့်မြတ်တဲ့ စာမရီငှက်။ နောက်တစ်ခုကတော့ အမွှေးရှည်တဲ့နွားရိုင်းတစ်မျိုး။<br />မြန်မာနိုင်ငံမှာတော့ YAK ဆိုတာက လွန်ခဲ့တဲ့ ၁၁ နှစ်လောက်ကတည်းက Hip Hop ဂီတတစ်မျိုးတည်းကိုပဲ နှစ်သက်စွဲလမ်းပြီး ဂီတလမ်းကို လျှောက်လာခဲ့ကြတဲ့ အမျိုးသမီး Rapper တွေပါ။ သူတို့ကတော့ YAK ဆိုတာ Yangon Always Kingdom လို့ဆိုတယ်။ သူတို့ရွတ်ဆိုနေကြတဲ့ ရပ်(ပ)စာသားတွေမှာ အမျိုးသမီးတွေ အနှိမ်ခံရတဲ့ကိစ္စတွေ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရတဲ့အမျိုးသမီးထုရဲ့ နာကျင်မှုတွေ ၊ ခွဲခြားဆက်ဆံထားတာတွေကို မီးမောင်းထိုးပြထားတယ်။ ကိုယ်နှစ်သက်ရာလမ်းကို ဇွဲမလျှော့ပဲ ခက်ခက်ခဲခဲ ဆက်လျှောက်နေကြတဲ့ YAK တဖြစ်လဲ မိန်းမ Rap ရူးတွေဟာ ဘယ်လိုလဲ ကြည့်လိုက်ရအောင်။