ပန် (Pang) ဟူသည်မှာ နာဂလူမျိုးတို့အတွက် ထူးခြားသော ပြယုဂ်တခုဖြစ်သည်။ ယခုအစီအစဉ်တွင် ပန် အကြောင်း တစိတ်တပိုင်း တွေ့မြင်ခွင့်ရပါလိမ့်မည်။<br />နောက်ထပ် ထူးခြားမှုမှာ နာဂတိုင်းရင်းသား တို့၏ အမဲလိုက်ခြင်း အတတ်ပညာဖြစ်သည်။ အမဲလိုက်ခြင်းကို ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းအမွေပေးလေ့ရှိကြပြီး၊ ယောက်ျားကောင်းတို့ အတတ်ပညာအဖြစ်လည်း မှတ်ယူကြသည်။ ထိုထိုသော အကြောင်းအရာများနှင့်အတူ ရှေးခေတ်နာဂ တို့၏ လူနေမှုသမိုင်းနှင့် ထူးခြားသည့် ရိုးရာဓလေ့များစွာ ရှိပေသည်။ အထက်ပါ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို TastyTrip ရသများနှင့်ခရီးသွားခြင်း အစီအစဉ်မှ ရှာဖွေတင်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။