ဒေါ်ဝင်းဝင်းတင့်သည် ၁၉၉၆ ခုနှစ်တွင် City Mart လက်လီဆိုင်ကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ၊ အောင်းဆန်း အားကစားကွင်းတွင် ဖွင့်လှစ်ခဲ့သည်။ လက်ရှိအချိန်တွင် ဒေါ်ဝင်းဝင်းတင့်အနေနှင့် City Mart လက်လီဆိုင်ခွဲပေါင်း ၁၅၀ ကျော်ဖွင့်လှစ်ထားပြီး သူမ၏ ဈေးအရောင်းဆိုင်များအနေနှင့် City Mart Supermarkets, Ocean Hypermarkets, Season Cafe’ & bakeries, City Care Health & beauty Store နှင့် City Express convenience stores တို့ကို ဖွင့်လှစ်လုပ်ကိုင် ထားသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံလက်လီဈေးကွက်တွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ <br />၂၀၁၆ ခုနှစ်၊နှစ်ဆန်းပိုင်းတွင် တိုင်းပြည်၏ နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာ ရြှု့မင်သုံးသပ်မှုများအပေါ်မှာ ဒေါ်ဝင်းဝင်းတင့်အတွက် သူမ၏ စီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ရန် ဆုလာဒ်ကြီး တစ်ခုရလိုက်သည်။ ယခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပို ရေးရှင်း-IFC က City Mart Holdings Limited ကို ယင်း၏လုပ်ငန်းတိုးချဲ့ခြင်းစီမံကိန်းများကို အထောက်အကူပြု စေရန် အမေရိကန်ဒေါ်လာ ၂၅ သန်းပံ့ပိုးပေးလိုက်သည်။