Surprise Me!

" အများပိုင်ကုမ္ပဏီအဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းပြောင်းလဲလုပ်ကိုင်သွားဖို့ရှိနေ"

2017-06-18 3 Dailymotion

အရင်ဆုံး မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)က သူတို့ရဲ့လေကြောင်းလုပ်ငန်းစီးပွားရေး အတွက် ဘာတွေကို မျှော်လင့်ထားသလဲဆိုတာကို ပြောပြပေးသွားမှာပါ၊ ဟိုအရင်အတိတ်ကာလတွေတုန်းက အရှေ့တောင် အာရှရဲ့ လေကြောင်းလုပ်ငန်းတွေထဲမှာ အအောင်မြင်ဆုံးနေရာကိုရရှိခဲ့ဖူးတဲ့ မြန်မာ့လေကြောင်းဟာ အခုတော့ မြန်မာ အမျိုးသားလေကြောင်းလိုင်းနာမည်နဲ့ အစိုးရပိုင်လုပ်ငန်းကနေ ပြည်သူထည့်ဝင်ငွေ ပါဝင်လာနိုင်တဲ့ စီးပွားရေးလုပ်ငန်း အဖြစ် အဆင့်ဆင့်ပြောင်းလဲလုပ်ကိုင်လာနေပါတယ်။ အချိန်ကာလတစ်ခုထဲမှာ တောင် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲ လုပ်ကိုင်သွားဖို့လည်းရှိနေတယ်လို့ မြန်မာအမျိုးသားလေကြောင်း လိုင်းရဲ့ CEO (စီအီးအို)က ပြောပြထားပါတယ်။ ဆက်ပြီး..မဇ္ဈိမသတင်းထောက်ကိုအောင်သူရက တင်ပြပေးပါလိမ့်မယ်။

Buy Now on CodeCanyon