Surprise Me!

ရိုးမဘဏ်နဲ့ တရုတ်နိုင်ငံစက်မှုနဲ့ ကုန်သွယ်ရေးဘဏ် (ICBC)တို့ကြား သဘောတူညီမှုတစ်ခုကိုစတင်

2017-06-19 1 Dailymotion

တစ်ပတ်အတွင်းရရှိထားတဲ့ စီးပွားရေးသတင်းတစ်ပုဒ်နဲ့ ပြန်ဆက်ရမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး ဆိုင်ရာ အခွင့်အလမ်းတွေရရှိဖို့အတွက်နဲ့ ဒီအခွင့်အလမ်းအတွက် လမ်းစသစ်တစ်ခုဖြစ်ပေါ်လာဖို့ ရိုးမဘဏ်နဲ့ တရုတ်နိုင်ငံ. စက်မှုနဲ့ ကုန်သွယ်ရေးဘဏ် (ICBC)တို့ကြား သဘောတူညီမှုတစ်ခုကို စတင်နိုင်ခဲ့တယ်လို့ ရိုးမဘဏ်နဲ့ ICBCဘဏ်တို့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီသဘောတူချက်အရ ရိုးမဘဏ်က ICBC ဘဏ်ရဲ့ ကုန်သွယ်ရေးဆိုင်ရာအထောက်အပံ့ တွေကို အသုံးပြုလို့ရမယ်လို့ သိရပါတယ်။<br />အဓိကသဘောတူညီထားတဲ့ အချက်တွေထားမှာ ရိုးမဘဏ်ကို အသုံးပြုတဲ့ ဖောက်သည်တွေအနေနဲ့ တရုတ်နိုင်ငံ ICBC ဘဏ်ကနေတစ်ဆင့် နိုင်ငံခြားငွေများ အပြန်အလှန်တိုက်ရိုက်လွှဲပြောင်းပေးချေနိုင်မယ်လို့ ဖော်ပြထားပါတယ်။<br />ဒီ ICBC ဘဏ်က ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ရရှိထားတဲ့ နိုင်ငံခြားဘဏ် ကိုးခုအနက် တရုတ်နိုင်ငံက တစ်ခုတည်းသော ဘဏ်ဖြစ်ပါတယ်။

Buy Now on CodeCanyon