Tasty Trip: ရတနာပုံနှင့် အတိတ်ရဲ့မြို့တော်

အတိတ်ရဲ့ မြို့တော်တိုင်း ဇာတ်လမ်းကိုယ်စီရှိကြပါတယ်။

မြန်မာ့ဒုတိယအကြီးဆုံး မြို့တော် ရတနာပုံမှာ ဇာတ်လမ်းတွေရှိခဲ့သလို၊ အဲဒီဇာတ်လမ်းတွေက တခြားသော မြို့တော်ဟောင်းတွေအထိ ဆက်စပ်ပါဝင်နေကြပါတယ်။ အတိတ်ရဲ့ မြို့တော်တွေအကြောင်း ပြောတဲ့အခါ ရတနာပုံကို ချန်ထားလို့ မရသလို သမိုင်းထဲကမြို့တော်တွေကို ပြောပြတဲ့အခါလည်း ရတနာပုံမြို့တော်ကြီး ပါဝင်လာရပါတယ်။ အခု ကြည့်ရမယ့် ရသများနဲ့ ခရီးစဉ်မှာ ဒီအရာကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ရှေးအခါက မြန်မာ့နောက်ဆုံး ဘုရင် သီပေါအရှင်ရဲ့ မြေးတော်နဲ့တောင် တွေ့ခွင့်ရအုံးမှာဖြစ်ပါတယ်။