လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက ဂျပန်ဇာတ်လမ်းတွဲ အိုးရှင်းတို့ တရုတ်ဇာတ်လမ်းတွဲ မျောက်ဘုရင် ၀ူခုန်းတွေကနေ အစပြုပြီးနောက် ပေါင်ချိန်၊ ကျန်ကျောင်း စတဲ့ ဇာတ်လမ်းတွေဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ထင်ရှားလာတဲ့ ဇာတ်လမ်းတွဲတွေဖြစ်ခဲ့ပါတယ်။ ဒီအနေ့အချိန်မှာလည်း ကိုရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေကပါ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေက မြန်မာပရိတ်သတ်တွေကို အစဉ်အမြဲဖမ်းစားပြီး နေရာယူနေဆဲဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာဇာတ်လမ်းတွဲတွေ ဘာကြောင့် အောင်မြင်အောင် မထုတ်လုပ်နိုင်သလဲ။ ဒီအကြောင်းကို မရှုမ၀အောင်က ပြောပြပေးသွားပါလိမ့်မယ်။
