အသက်(၁၈)နှစ်အရွယ်၊ မခင်ဝေဖြိုးဟန်သည် ပြိုင်ပွဲစဉ်တလျှောက်လုံးတွင် ဆုရဖို့ရေပန်းအစားဆုံးထဲမှာ ပါဝင်ခဲ့ပြီး နောက်ဆုံးစကာတင်(၃)ဦးထဲမှာ မေဘရဏီသော်၊သန္ဒာမာရီယာတို့ကို ကျော်ဖြတ်ပြီး (၂၀၁၄)ခုနှစ်အတွက် Miss Myanmar International ဆုကိုရရှိခဲ့ခြင်းဖြစ်သည်။<br />မြန်မာနိုင်ငံခရီးသွားလုပ်ငန်းက ဦးစီးကျင်းပသည့် Miss Myanmar International နောက်ဆုံးပြိုင်ပွဲကို မြန်မာဝတ်စုံ၊ ရေကူးအားကစားဝတ်စုံ၊ ညနေခင်းဝတ်စုံတွေနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ညနေခင်းဝတ်စုံနဲ့ ယှဉ်ပြိုင်အပြီးမှာ ပထမဦးဆုံး စံကာတင်(၁၀)ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။<br />ထို့နောက် စံကာတင်(၁၀)ဦးစလုံးကို အကဲဖြတ်ဒိုင်များ၏ မတူညီတဲ့မေးခွန်း(၁)ခုစီမေးမြန်းခဲ့ပြီး နောက်ဆုံးစံကာတင် (၃)ဦးကို ထပ်မံရွေးချယ်ခဲ့သည်။ စံကာတင်(၃)ဦးကို ရွေးချယ်အပြီးမှာ ခရီးသွားလုပ်ငန်းနဲ့ပတ်သတ်သည့် မေးခွန်းတခု တည်းကို မေးမြန်းခဲ့ပြီး ၊ တတိယဆုကို ခါးနံပတ်(၁၂)သန္ဒာမာရီယာ၊ ဒုတိယဆုကို ခါးနံပတ်(၁၈) မေဘရဏီ သော်နှင့် Miss Myanamr International ၂၀၁၄ဆုကို ခါးနံပတ်(၁၆) ခင်ဝေဖြိုးဟန်က ရရှိသွားခဲ့သည်။<br />သြဂုတ်လ(၁၇)ရက်နေ့ ညနေ(၆)နာရီမှ ည(၁၁)နာရီခွဲအထိကျင်းပခဲ့သည့် Miss Myanmar International 2014 အလှမယ်ရွေးချယ်ပွဲကို စည်းကားအောင်မြင်အောင်ကျင်းပနိုင်ခဲ့ပြီး ထူးခြားမှုအနေနှင့် Miss International 2013 သရဖူ ဆုရှင် ဖိလစ်ပိုင်အလှမယ်က အကဲဖြတ်ဒိုင်အဖြစ်ပါဝင်လာခဲ့သည်။<br />Miss Myanmar 2014ဆုရှင် ခင်ဝေဖြိုးဟန်သည် အခုနှစ်အကုန်၊ ဂျပန်နိုင်ငံမှာ ကျင်းပမည့် Miss International 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် တတိယအကြိမ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၀၁၂ခုနှစ်က နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်က ဂုဏ်ရည်အေးကျော်တို့လည်း သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။