နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၂၄ တွင် မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက ယဉ်တိမ်းမှောက်မှု မှတ်တမ်းဗွီဒီယိုဖြစ်ပါသည်။<br />နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော သူနာပြုဗိုလ်လောင်း ၁၈ ဦးပါဝင်သည့် Light Truck အမျိုးစား ယာဉ်သည် နောက်မှ လိုက်ပါလာသော ယာဉ်တစ်စီးဝင်တိုက်မှုကြောင့် တိမ်းမှောက်သွားခဲ့ရခြင်းဖြစ်ပါသည်။<br />ယာဉ်တိမ်းမှောက်မှုကြောင့် Light Truck ယာဉ်ပေါ်ပါ သူနာပြုဗိုလ်လောင်း အများအပြား ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသည်။