Surprise Me!

တတိယအႀကိမ္ ႏိုင္ငံတကာ ေယာဂေန႔ အခမ္းအနားက်င္းပ

2017-06-21 6 Dailymotion

ZawGyi-

တတိယအႀကိမ္ ႏိုင္ငံတကာ ေယာဂေန႔ အခမ္းအနားက်င္းပ
သတင္း ျပည္တြင္း
ဖူးအိအိႏြယ္
2 hours 54 minutes ago Wed, 06/21/2017 - 15:35 Hits: 332 times

ဓာတ္ပံု-သူရ/မဇၥ်ိမ

ျမန္မာႏိုင္ငံတြင္ တတိယအႀကိမ္ေျမာက္ ႏိုင္ငံတကာေယာဂေန႔ အထိမ္းအမွတ္အျဖစ္က်င္းပေသာ အခမ္းအနားကို ဇြန္လ ၂၁ ရက္ နံနက္ ၆ နာရီ၌ ျပည္သူ႔ဥယ်ာဥ္ဆင္ေရပန္းအနီးတြင္ ျပဳလုပ္ခဲ့သည္။

အဆိုပါအခမ္းအနားကို ျပီးခဲ့ေသာ ႏွစ္မ်ားက အိႏၵိယသံရုံး၏ အကူအညီျဖင့္ က်င္းပျပဳလုပ္ခဲ့ျပီး ယခုနွစ္တြင္ ေယာဂ၀ါသနာရွင္မ်ားပူးေပါင္း ျပဳလုပ္ခဲ့ႀကေႀကာင္း အခမ္းအနားကို ဦးစီးေဆာင္ရြက္ေသာ ေယာဂနည္းျပ ဦးခင္ေမာင္ေရႊက ေျပာသည္။

“ဒီေယာဂက်င့္စဥ္ကို ငယ္ငယ္တည္းက လုပ္ရင္ စိတ္ရွည္တယ္။ ေရာဂါကင္းတယ္။ ႏုပ်ိဳေစတယ္။ ဥပမာ- အသက္၈၀၊ ၉၀ ရွိေပမယ့္ ၆၀၊ ၆၅ လို႔ထင္ရတာမ်ိဳးေပါ့”ဟု ေယာဂနည္းျပ ဦးခင္ေမာင္ေရႊက ေျပာသည္။

ႏိုင္ငံတကာေယာဂေန႔ကို ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလ(၁၁)ရက္ကစျပီး ကုလသမဂၢ အေထြေထြညီလာခံမွာ အဖြဲ႕ဝင္ႏိုင္ငံ(၁၉၃) ႏိုင္ငံက ေထာက္ခံခဲ့ျခင္းျဖစ္ျပီး ျမန္မာနိုင္ငံတြင္ ယခုက်ငး္ပျခင္းသည္ တတိယအႀကိမ္ေျမာက္ျဖစ္သည္။

“ဒီေယာဂပဲြႀကီးကို လုပ္တာေကာင္းပါတယ္။ လူသိလည္း မ်ားလာတာေပါ့။ အရင္တုန္းက Yoga ဆိုရင္ သိပ္မသိၾကဘူး။ ဒီလိုပြဲေတြလုပ္ေတာ့မွ အမ်ားသိလာတယ္။ အမ်ားက ပါဝင္လာတယ္။” ဟု ေယာဂနည္းျပတစ္ဦးျဖစ္သူ မသူဇာက ဆိုသည္။

ထိုအခမ္းအနား၌ ေယာဂကို စိတ္၀င္စားသူမ်ား၊ ၀ါသနာရွင္ ၄၀၀ ခန္႕ ပါ၀င္ဆင္ႏႊဲခဲ့ႀကသည္။

Unicode-

တတိယအကြိမ် နိုင်ငံတကာ ယောဂနေ့ အခမ်းအနားကျင်းပ
သတင်း ပြည်တွင်း
ဖူးအိအိနွယ်
2 hours 54 minutes ago Wed, 06/21/2017 - 15:35 Hits: 332 times

ဓာတ်ပုံ-သူရ/မဇ္စျိမ

မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် နိုင်ငံတကာယောဂနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပသော အခမ်းအနားကို ဇွန်လ ၂၁ ရက် နံနက် ၆ နာရီ၌ ပြည်သူ့ဥယျာဉ်ဆင်ရေပန်းအနီးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ပြီးခဲ့သော နှစ်များက အိန္ဒိယသံရုံး၏ အကူအညီဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ယောဂဝါသနာရှင်များပူးပေါင်း ပြုလုပ်ခဲ့ကြကြောင်း အခမ်းအနားကို ဦးစီးဆောင်ရွက်သော ယောဂနည်းပြ ဦးခင်မောင်ရွှေက ပြောသည်။

“ဒီယောဂကျင့်စဉ်ကို ငယ်ငယ်တည်းက လုပ်ရင် စိတ်ရှည်တယ်။ ရောဂါကင်းတယ်။ နုပျိုစေတယ်။ ဥပမာ- အသက်၈၀၊ ၉၀ ရှိပေမယ့် ၆၀၊ ၆၅ လို့ထင်ရတာမျိုးပေါ့”ဟု ယောဂနည်းပြ ဦးခင်မောင်ရွှေက ပြောသည်။

နိုင်ငံတကာယောဂနေ့ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်ကစပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံ(၁၉၃) နိုင်ငံက ထောက်ခံခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုကျငး်ပခြင်းသည် တတိယအကြိမ်မြောက်ဖြစ်သည်။

“ဒီယောဂပွဲကြီးကို လုပ်တာကောင်းပါတယ်။ လူသိလည်း များလာတာပေါ့။ အရင်တုန်းက Yoga ဆိုရင် သိပ်မသိကြဘူး။ ဒီလိုပွဲတွေလုပ်တော့မှ အများသိလာတယ်။ အများက ပါဝင်လာတယ်။” ဟု ယောဂနည်းပြတစ်ဦးဖြစ်သူ မသူဇာက ဆိုသည်။

ထိုအခမ်းအနား၌ ယောဂကို စိတ်ဝင်စားသူများ၊ ၀ါသနာရှင် ၄၀၀ ခန့် ပါ၀င်ဆင်နွှဲခဲ့ကြသည်။

Buy Now on CodeCanyon