Surprise Me!

လက်ဖျံကနေ နားရွက်အသစ် တည်ဆောက်မှု တရုတ်မှာ အောင်မြင်

2017-10-06 3 Dailymotion

နားရွက်ပြတ်သွားတဲ့လူနာတစ်ဦးအတွက် သူ့ရဲ့လက်ဖျံပေါ်မှာပဲ နားရွက်တစ်ဖက်ကို တရုတ်နိုင်ငံက ပလတ်စတစ်ဆာ ဂျရီအထူးကုဆရာဝန်တွေဟာ အောင်မြင်စွာဖန်တီးပေးလိုက်နိုင်ပါတယ်။ အဲဒီလူနာကလွန်ခဲ့တဲ့ တစ်နှစ်ကျော်က ယာဉ်မတော်တဆမှု တစ်ခုမှာ နားရွက် ဆုံးရှုံးသွားတဲ့ လူနာတစ်ဦးဖြစ်ပါတယ်။ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လူနာဟာ ယာဉ်တိုက်မှု ဖြစ်ပွားချိန်မှာ အကြားအာရုံ ထိခိုက်မသွားပေမယ့် နားရွက်တစ်ဖက်ကို လုံးဝ ဆုံးရှုံးသွားတာပါ။ မစ္စတာဂျီလို့သာ နာမည်ဖော်ပြထားတဲ့ လူနာကတော့ အခု ခွဲစိတ်မှု နည်းပညာသစ်ရဲ့ ရလဒ်ကြောင့် သူ့ဘဝမှာ ယုံကြည်မှုတွေ ပြန်လည် တိုးပွားလာမယ်လို့ မျှော်လင့်နေပါတယ်။

Buy Now on CodeCanyon