Surprise Me!

ရာဘာခြံကိစ္စနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအရ ထိခိုက်လာရင် တရားစွဲမယ်လို့ လွင်မိုးပြော

2017-10-06 1 Dailymotion

ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ ၊တောင်တက်ကားလမ်းဘေးမှာရှိတဲ့ ရာဘာခြံကိစ္စနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအရ ထိခိုက်လာပါက သက်ဆိုင်သူတွေကို တရားစွဲဆိုသွားမယ်လို့ သရုပ်ဆောင် ဦးလွင်မိုးက ဆိုပါတယ်။ ကွင်းအမှတ် (၁၇၆)(က) ဇရပ်ကွင်း၊ ဦးပိုင်အမှတ် N/ ၃၆၃ မြေဧရိယာ (၂)ဧက အလယ်စုပိုင်း၊ ကင်မွန်းချောင်း ကျေးရွာမှာရှိတဲ့ ရာဘာခြံဟာ လက်ရှိအချိန်မှာ ဦးကျော်သူရလှိုင် အမည်ပေါက်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး ဦးလွင်မိုးက သိန်းသုံးထောင့်ကိုးရာငါးဆယ်နဲ့ ဝယ်ယူထားတာလို့ ဦးလွင်မိုးက ဆိုပါတယ်။ ဦးလွင်မိုး အနေနဲ့ တစ်ဖက်မှ စွပ်စွဲချက်တွေအပေါ် မဟုတ်မှန်ကြောင်း ငြင်းဆိုထားသလို ရာဘာခြံ ကိစ္စနဲ့ ပတ်သက်ပြီး မိမိနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ အတွက် တဖက် အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဖြေရှင်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။<br />ရုပ်သံသတင်းထောက် - အေးမြတ်

Buy Now on CodeCanyon