Surprise Me!

ငရုတ်သီးမှုန့်တွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းမှာ မှိုတွေပါနေတယ်

2017-10-06 10 Dailymotion

မြန်မာတစ်နိုင်ငံလုံးမှာ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေကို နမူနာယူပြီး စစ်ဆေးတဲ့အခါ ခြောက်ဆယ်ရာခိုင်နှုန်းက အန္တရာယ်ရှိတဲ့မှိုတွေပါဝင်နေပါတယ်။ ဒီကနေ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ ပြုလုပ်တဲ့ ISO/IEC 17025း2005 Accreditation လက်မှတ်ရ အသိအမှတ်ပြု အခမ်းအနားမှာ (FDA) မှ ညွှန်ကြားရေးမှုးချူပ် ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။ မှိုပါတဲ့ ငရုတ်သီးတွေကို ဈေးကွက်ထဲမှာ ဥပဒေကို မကြောက်ပဲ ရောင်းချနေတဲ့သူတွေ ရှိနေတာကြောင့် လုပ်သားပြည်သူတွေက သက်ဆိုင်ရာ စည်ပင်ဌာန၊ ရဲစခန်းနဲ့ FDA ရုံးခွဲတွေကို တိုင်းကြားပေးဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိ ဈေးကွက်ထဲက ဖမ်းဆီးထားတဲ့ ကျပ်သိန်းတစ်ရာ တန်ဖိုးရှိ ငရုတ်သီးမှုန့်တွေကို မြေမြုတ်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။<br />ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Buy Now on CodeCanyon