Surprise Me!

MDG ဦးအောင်မော်သိန်းရဲ့ ဘဝအချိုးအကွေ့တွေက ဘာတွေလဲ

2017-10-06 2 Dailymotion

အသင့်စား စားသောက်ကုန်တွေကို ဘယ်နေရာကနေမဆို လွယ်လွယ်ကူကူဝယ်စားနိုင်ခဲ့တာဟာ ကာလတစ်ခုအနေနဲ့ တွက်မယ်ဆို မကြာသေးပါဘူး။ ဒီလိုအသင့်စား စားသောက်ကုန်တွေကို ဒေသစုံကိုရောက်အောင် ဖြန့်ဖြူးနိုင်ခဲ့တဲ့ လူတစ်ယောက်ရှိပါတယ်။
ဒေါ်လာစား ဝန်ထမ်းတစ်ယောက်အဖြစ်ကနေ လခစားအလုပ်ကို စွန့်လွှတ်၊ ပစ်ကပ်ကားလေးကို ကိုယ်တိုင်မောင်းပြီး စားသောက်ကုန်တွေကို ဈေးတွေမှာ ကိုယ်တိုင်လိုက်ရောင်းခဲ့ရချိန်ကနေ ဒီနေ့အချိန်မှာ မြန်မာနိုင်ငံရဲ့ စားသောက်ကုန်ဖြန့်ဖြူးရေးလောကမှာ အကြီးဆုံးလို့ ပြောနိုင်တဲ့ Myanmar Distribution Group ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်သူ ဖြစ်လာခဲ့တဲ့ ဦးအောင်မော်သိန်းပါ။
စားသောက်ကုန်အမှတ်တံဆိပ်ပေါင်းများစွာကို ကိုယ်တိုင်ဖြန့်ဖြူးသလို ကိုယ်ပိုင်စက်ရုံတွေ ထူထောင်ထုတ်လုပ်နိုင်တဲ့ အထိ သူဖြတ်သန်းခဲ့ရတဲ့ ဘဝအချိုးအကွေ့တွေကို ဦးအောင်မော်သိန်းက ဒီအစီအစဉ်မှာ ပြောပြပေးထားပါတယ်။
အခုအောင်မြင်နေသူတွေဟာ ပန်းတိုင်တွေဆီလျောက်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲ အချိုးအကွေ့တွေကို ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ ဆိုတာကို 7Day TV ရဲ့ Turning Point အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ။
ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဦးအောင်မော်သိန်းရဲ့ဘဝ အချိုးအကွေ့ တွေကို တင်ဆက်သွားမှာဖြစ်ပါတယ်။
7Day TV ရဲ့ Turning Point အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ညတိုင်းမှာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

Buy Now on CodeCanyon