ဒီနေ့မှာ စတင်လိုက်တဲ့ YBS စနစ်ကို အသုံးပြုမယ့် ခရီးသွားပြည်သူတွေ စောင့်ဆိုင်းနေကြတာပဲ ဖြစ်ပါတယ်။ အရင်က ခုလိုစောင့်ဆိုင်းရမှုဟာ အချိန်အနည်းငယ်သာ စောင့်ဆိုင်းခဲ့ရတာပါ။ စစချင်းနေဖြစ်တာကြောင့် မိမိတို့ သွားလိုရာခရီးရောက်ဖို့ ကားစောင့်ရတာ အရင်ကထက် နာရီဝက်လောက် ပိုကြာသွားတယ်လို့ ပြောဆိုတာတွေရှိပါတယ်။ အခက်ခဲတွေ ရှိပေမယ့်လည်း အားလုံးက အချင်းချင်း ကူညီရင်း လုပ်ဆောင်ပေးနေကြတာကိုလည်း တွေ့နေပါတယ်။<br />ယာဉ်လိုင်းပျောက်တာတွေ ရှိနေပေမယ့် မြို့တွင်းရဲ့ အဓိကလမ်း အချို့မှာလည်း ယာဉ်ကြောကျပ်တည်းမှုတွေလည်း ဖြစ်ပေါ်လျက်ရှိနေတာပါ။ လူမှုအဖွဲ့အစည်းတွေရဲ့ အခမဲ့ယာဉ် အကူအညီပေးမှုတွေကြောင့် နေရာတော်တော်များများမှာတော့ အဆင်ပြေသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ရက်တွေ အဆင်ပြေပြေ သွားလာနိုင်ဖို့ ဒီကနေ့ အခက်အခဲပြဿနာတွေကနေ သင်ခန်းစာ ယူပြောင်းလဲပြုပြင်ရမှာပဲ ဖြစ်ပါတယ်။<br />ရုပ်သံသတင်းထောက် - သန်းဌေးအောင်၊ အိမ့်မြတ်နိုးဇော်