Surprise Me!

တရုတ် ရေလှောင်ကန် တစ်ခုအတွင်း နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ရှာတွေ့

2017-10-06 4 Dailymotion

တရုတ်ရှိ ရေလှောင်ကန် တစ်ခုထဲမှာ နစ်မြုပ်ပျောက်ကွယ်နေတဲ့ နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအရှေ့ပိုင်းရှိ ကျန်ဇီးခရိုင်မှာ ရေလှောင်ကန်ကို မွမ်းမံထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့အတွက် ရေဖောက်ချလိုက်ရာကနေ ရေမျက်နှာပြင် နိမ့်ကျသွားချိန်မှာ ဆင်းတုတော် ပေါ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဆင်းတုတော်ရဲ့ ဦးခေါင်းတော်ကို စတင်တွေ့ရှိပြီး ရေ ၁၀ မီတာမျှထိ လျှော့ချလိုက်တဲ့အခါ ကိုယ်လုံးပြည့် ပေါ်လာတာဖြစ်ပါတယ်။ ယခုတွေ့ရှိတဲ့ ဆင်းတုတော်သည် ဉာဏ်တော် ၁၂ ပေခွဲမျှ မြင့်မားပြီး တောင်စောင်းနေရာ တစ်ခုနဲ့ ဆက်စပ်ပြီး ထုလုပ်ထားတာဖြစ်တယ်လို့ လည်း သိရပါတယ်။

Buy Now on CodeCanyon