Surprise Me!

လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးဖို့ AVPN ပရဟိတကွန်ရက်က ကူညီမယ်

2017-10-06 2 Dailymotion

အာရှ စွန့်ဦးစီးပွား ပရဟိတ ကွန်ယက်ဖြစ်တဲ့ AVPNက မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဘ၀တွေ ဖွံ့ဖြိုးဖို့ အကူအညီ အထောက်အပံ့ပေးမယ့် အစီအစဉ်တွေကို ဒီနှစ်မှာ စတင်မယ်လို့ သိရပါတယ်။ ဒီကွန်ရက်ကနေ အမျိုးသမီး အရေးနဲ့ ကလေးသူငယ်တွေကို ကူညီနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပညာရေးနဲ့ လူမှုစီးပွားကဏ္ဍတွေ အတွက် ငွေကြေးထောက်ပံ့မူကို ချိတ်ဆက်ပေးမှာဖြစ်တယ်လို့ AVPNရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အာရှစွန့်ဦး စီးပွားပရဟိတ ကွန်ရက်ဟာ စင်ကာပူအခြေစိုက် ပြိုင်ဘက်ကင်းငွေကြေးထောက်ပံ့သူများ ကွန်ရက်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း(၂၈)နိုင်ငံက အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း (၃၁၆)ဖွဲ့ ရှိတယ်လို့ သိရပါတယ်။<br />ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Buy Now on CodeCanyon