ရုပ်ရှင်ဘောလုံးအသင်းနဲ့ မကွေးညွန့်ပေါင်းဘောလုံး အသင်းတို့ အနုပညာရန်ပုံငွေ ချစ်ကြညိရေးဘောလုံးပွဲကို မနေ့က ဇန်နဝါရီလ(၂၈)ရက်ကကျင်းပခဲ့ပါတယ်။ ဘောလုံးပွဲမစမီမှာ ပရိတ်သတ်တွေကို အနုပညာ ရှင်တွေက သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒီရန်ပုံငွေပွဲကို TH Entertainment အဖွဲ့ကစီစဉ်ခဲ့ပြီး ရလာတဲ့ရန်ပုံငွေနဲ့ အနုပညာသမားအသစ် တွေကိုမွေးထုတ်သွားဖို့ရည်ရွယ်တယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဒါရိုက်တာ ဟန်ဆက်ကဆိုပါတယ်။<br />TH Enertainment အဖွဲ့အနေနဲ့အနုပညာ ရန်ပုံငွေဘောလုံးပွဲကို မကွေးမြို့မှာ ပထမဆုံး ကျင်းပတာလို့ သိရပါတယ်။<br />ရုပ်သံသတင်းထောက် - မိုးကျော်