Surprise Me!

ကိုမျိုးရန်နောင်သိမ်းအမှု ၆၆(ဃ)နဲ့ စွဲချက်တင်အမိန့်ချ

2017-10-06 2 Dailymotion

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ဆိုရှယ်မီဒီယာမှာ အသရေဖျက်ရေးသားမှု မြောက်တယ်ဆိုပြီး ကိုမျိုးရန်နောင်သိမ်းကို ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နဲ့ စွဲချက်တင်ဖို့ အမိန့်ချလိုက်ပါတယ်။ ဒီနေ့ ၁၃ ကြိမ်မြောက် ရုံးထုတ်မှာ ကမာရွတ်မြို့နယ် တရားသူကြီးက အမိန့်ချလိုက်တာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို သုတေသနနဲ့ မဟာဗျူဟာ လေ့လာရေးဌာနက ဒုတိယ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိမ်းရဲ့ ဒီနေ့ ရုံးချိန်းကို NLD ဗဟို အလုပ်အမှူဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းလဲ လာရောက်ခဲ့ပါတယ်။ လာမယ့် ရုံးချိန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ အမှုကို ဆက်လက်စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။<br /><br />ရုပ်သံသတင်းထောက် - အလှလေးသူဇာ

Buy Now on CodeCanyon