Surprise Me!

MICA အဖွဲ့ ဖျက်သိမ်းဖို့ လွှတ်တော်အတည်ပြု

2017-10-06 0 Dailymotion

နိုင်ငံတော် သားငါးကဏ္ဍ တိုးတက်ရန် ရည်ရွယ်ဖွဲ့စည်းထားတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေး အေဂျင်စီ MICA ကိုဖြတ်သိမ်းဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ကိုယ်စားလှယ် ဒေါက်တာ အာကာမိုးရဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အကျိုးမရှိဘဲ လူတစ်စု လက်ဝါးကြီးအုပ်ခြယ်လှယ်လုပ်ကိုင် ဆောင်ရွက်နေမှုကို ဖျက်သိမ်းပြီး ငွေကြေးစီမံခန့်ခွဲမှု ပွင့်လင်မြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးဖို့ အဆိုကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၁၉၇ မဲမှာ ထောက်ခံမဲ ၁၄၀ မဲနဲ့ ကန့်ကွက်ဆန္ဒမဲပေါင်း ၅၀ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။<br />ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Buy Now on CodeCanyon