Surprise Me!

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လေပြင်းတိုက်ပြီး သဲမုန်တိုင်းတွေ ဖြစ်ပေါ်

2017-10-06 5 Dailymotion

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသမှာ သဲမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတွေ ဆိုင်းငံ့ ရပ်တန့်သွားခဲ့ကြောင်း သိရပါတယ်။ ရှင်းကျန်းက အွိုင်ဟွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ မြို့တော် တာပန်မှာ ဖေဖော်ဝါရီ ၁၉ ရက်က လေပြင်းတွေနဲ့အတူ သဲမုန်တိုင်းတွေ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လေတိုက်နှုန်းက တစ်နာရီ ကီလိုမီတာ ၁၀၀ အထက်ထိ ပြင်းထန်ခဲ့ပြီး အဝေးပြေးလမ်းမကြီးမှာ ကားအစီးရေ ၁၅၀ လောက်နဲ့ ရထား ၄ စီးကို ရပ်နားထားခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ရှင်းကျန်းဒေသမှာ အပြင်းထန်ဆုံး တိုက်ခတ်ခဲ့တဲ့ လေတိုက်နှုန်းက ၂၀၁၄ ခုနှစ်မှာ စံချိန်တင်ခဲ့ပြီး အဲဒီတုန်းက တစ်နာရီကို ကီလိုမီတာ ၁၈၀ နှုန်းနဲ့ လေပြင်းတိုက်ခဲ့တယ်လို့ သိရပါတယ်။

Buy Now on CodeCanyon