Surprise Me!

နေပြည်တော်မှာ လယ်သမား ၃၀၀ ကျော်ကို မြေနဲ့သီးနှံလျော်ကြေးပေး

2017-10-07 1 Dailymotion

နေပြည်တော် တည်ဆောက်ရေး စီမံကိန်း အတွက် သိမ်းဆည်းခဲ့တဲ့ သစ်တောကြိုးဝိုင်းထဲရှိ သစ်တောကျူးလယ်ယာမြေနဲ့ စိုက်ပျိုးသီးနှံလျော်ကြေးငွေများကို ထုတ်ပေးနေတယ်လို့ သိရပါတယ်။ ဒီကနေ့ ဒဏ္ခိဏမြို့နယ်နဲ့ ဇမူသိရမြို့နယ်ရှိ မြို့နယ်စည်ပင်ရုံးတွေမှာ သစ်တောကျူးလယ်သမား ၃၈၁ ဦးကို တစ်ဧက ကျပ်ဆယ်သိန်းနှုန်းနဲ့ လျော်ကြေးငွေကို ထုတ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော် စည်ပင်သာယာရေးကော်မတီက တရားစွဲဆိုထားတဲ့ လယ်သမား ၇၆ ဦးကိုလည်း အမှုကနေပြန်လည် ရုပ်သိမ်းပေးထားတယ်လို့ သိရပါတယ်။<br />ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Buy Now on CodeCanyon