ယာဉ်၊လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု အဖြစ်ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ဆိုင်တဲ့ ပြပွဲတွေ၊ စက်ဘီးစီးလှုပ်ရှားမှု နဲ့ လမ်းလျှောက်လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီကနေ့ မေလ ၈ရက်နေ့ကနေ ၁၄ရက်နေ့အထိ ဒီလှုပ်ရှားမှုတွေကို ပြုလုပ်ကြမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အဖွဲ့(MORS) ကနေ သိရပါတယ်။ ဒီကနေ့ စတင်ကျင်းပတဲ့ ပြပွဲကို မည်သူမဆို လာရောက်ကြည့်ရှုနိုင်ပြီး ပညာပေးအစီအစဉ်တွေ၊မော်တော်ယာဉ်ကုမ္မဏီတွေရဲ့ အရောင်းပြခန်းတွေ ပါဝင်ကြောင်း သိရပါတယ်။<br /><br />ရုပ်သံသတင်းထောက်-မြတ်သီဟမောင်