ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ်ပါတီနာယက ဦးတင်ဦးနဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်တို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဟောပြောခဲ့တဲ့ မိန့်ခွန်းတွေနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ နိုင်ငံရေး ပါတီ ၁၃ ခုက ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာ တစ်စောင် တင်ပြထားပါတယ်။ အဲဒီမိန့်ခွန်းဟောပြောမှုတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ၊နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေမှာ ပါဝင်တဲ့ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျုးလွန်ရာ ရောက်နေတယ်ဆို ပြီး ကန့်ကွက်စာကို မေလ ၈ ရက်က တင်ပြခဲ့တာပါ။ <br /><br />အဲဒီမိန့်ခွန်းမှာ ဒီချုပ်ပါတီရဲ့ ကြွေးကြော်သံဆောင်ပုဒ်ဖြစ်တဲ့ပြောင်းလဲချိန်တန်ပြီဆိုတဲ့ဆောင်ပုဒ်အစားပြည်သူနဲ့အတူဆိုတဲ့ဆောင်ပုဒ်ကိုအစားထိုးဆောင်ရွက်မယ်လို့မိန့်ခွန်းမှာထည့်သွင်းပြောကြားလိုက်တာကကြားဖြတ်ရွေးးကောက်ပွဲကျင်းပချိန်နဲ့အချိန်ကိုက်ပြီးပါတီအတွက် မူဝါဒတစ်ခုကို ချမှတ်လိုက်တာဖြစ်တယ်လို့လည်း အဲဒီတိုင်ကြားစာမှာ ပါရှိပါတယ်။ ဒါ့အပြင် ဦးတင်ဦးနဲ့ ဦးဝင်းထိန်တို့ကလည်း ပါတီရဲ့ မူဝါဒတွေကိုပြောကြားရာမှာ ပါတီတံဆိပ်၊ ရင်ထိုး၊အလံတွေကို အသုံးပြုခဲ့မှု၊ ပါတီအတွက်နိုင်ငံပိုင် မီဒီယာကိုအသုံးချပြီးသွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်စည်းရုံးရာရောက်တယ်လို့လည်း တိုင်ကြားစာမှာထည့်သွင်းထားပါတယ်။<br /><br />ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်
