Surprise Me!

မုံရွာမှာ စွန့်ပစ်ထားတဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိ

2017-10-07 4 Dailymotion

မုံရွာမြို့က လမ်းဘေးမှာ ပစ်ထားတဲ့ ဆာလာအိတ်တွေထဲကနေ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးပြားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာမြို့နယ်မြေရဲတပ်ဖွဲ့စန်းကနေ သတင်းရရှိပါတယ်။ ဒီနေ့ ဇွန်လ ၁၉ ရက် မနက် ၁၁ နာရီကျော်မှာ မုံရွာမြို့က ကျေးဇူးရှင် ဘုန်းတော်ကြီးကျောင်းတောင်ဘက် အုတ်တံတိုင်းဘေး လမ်းမပေါ်မှာ ဆာလာအိတ် အထုပ်၁၀ထုပ်ကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာကနေ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးပြားတွေ စတင်တွေ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ စိတ်ကြွရူးသွပ်ဆေးပြားတစ်သိန်းနဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့်တွေ ဆပ်ပြာခွက်ထဲ ထည့်ထားတဲ့ ပလပ်စတစ်ထုပ် ၁၀၇၁ထုပ်ကို သိမ်းဆည်းရရှိထားတာ ဖြစ်ပြီး အလေးချိန်နဲ့ တန်ဖိုးကို တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အထုပ်တွေကို ရပ်ကွက်နေ ပြည်သူများကတွေ့ရှိခဲ့ပြီး ဘာပစ္စည်းများမှန်း မသိတာကြောင့် နယ်မြေရဲစခန်းမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ပစ္စည်းတွေကို တွေ့ရှိခဲ့သူတွေက ပြောကြားခဲ့ပါတယ်။

ရုပ်သံသတင်းထောက် - မျိုးမင်းဦး

Buy Now on CodeCanyon