မကြာခင်ကျင်းပတော့မယ့် ယူ ၁၈ ဘောလုံးပွဲစဉ်အတွက် မြန်မာအသင်းအနေနဲ့ အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ပြိုင်ဘက်အသင်းတွေကိုလည်း အကောင်းဆုံးရင်ဆိုင်သွားမှာ ဖြစ်သလို၊ အတွေ့အကြုံကောင်းတွေရဖို့လည်း ပြင်ဆင်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် AFF U18 Championship 2017 ပြိုင်ပွဲဟာ စက်တင်ဘာလ ၅ ရက်နေ့မှာ စတင် ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။

ပထမဆုံးပွဲစဉ် အဖြစ် မြန်မာအသင်းနဲ့ အင်ဒိနီးရှားအသင်းဟာ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီမှာ အနေနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ်

ရုပ်သံသတင်းထောက် - ယဉ်မွန်