အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ မြန်မာနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် ဆိုက်ရောက်လာခဲ့ပါတယ်။မိုဒီက စက်တင်ဘာ ၅ ရက်မှာ နေပြည်တော် လေဆိပ်ကို ဆိုက်ရောက်ကြောင်း Twitter ဝက်ဘ်ဆိုက်မှာ အတည်ပြု ရေးသားထားပါတယ်။<br /> <br />မြန်မာနိုင်ငံ ခရီးစဉ် အတောအတွင်းမှာ ကိစ္စရပ် တော်တော်များများကို ဆက်နွှယ် ဆွေးနွေးသွားဖို့ ရှိနေကြောင်းလည်း မိုဒီက ရေးသားထားပါတယ်။ မိုဒီဟာ ရွှေတိဂုံ စေတီတော်၊ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ အာဇာနည်ကုန်းတို့ကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။<br /> <br />မိုဒီဟာ စက်တင်ဘာ ၆ ရက်မှာ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားမယ်လို့လည်း သိရှိရပါတယ်။