အသစ်အဆန်းတွေကို ရှာဖွေစားတတ်တဲ့ 7Day TV ပရိသတ်တွေအတွက် ပုစွန်ဂျင်းမွှေး ကြာဆံကြော် က အရသာအသစ်ကို ရစေမှာပါ။ ဂျင်းနံ့သင်းသင်းလေးနဲ့ ပုစွန်ကို မိမိကြိုက်နှစ်သက်တဲ့ အရွယ်အစားအတိုင်း အသုံးပြုပြီး ကြာဆံလေးတွေနဲ့ အရသာရှိလှတဲ့ ဒီဟင်းလျှာကတော့ ထမင်းနဲ့ စားရင်ဖြစ်ဖြစ်။ ဒီအတိုင်းစားမယ်ဆိုရင်တောင် အရမ်းအရသာတွေ့စေမှာပါ။ ဝက်ဆီလေးနဲ့ ချက်မယ်ဆိုရင် ပိုအရသာရှိတယ်ဆိုပေမယ့် တခြားဆီနဲ့လဲ ကြော်ချက်နိုင်ပါတယ်။<br /> <br />7Day TV ကရိုက်ကူးတင်ဆက်နေတဲ့ The Kitchen ရဲ့ ဟင်းလျာအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့တိုင်းနဲ့ မုန့်လုပ်အစီအစဉ်ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။