ဘာသာစကားနှစ်မျိုးဖြင့် ထုတ်ဝေမယ့် LUSH မဂ္ဂဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၉ ရက်ညက အင်းလျားလိတ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

LUSH မဂ္ဂဇင်းက နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ ဒီဇိုင်နာတွေရဲ့ ဖက်ရှင်တွေ ၊ Luxury နေထိုင်မှုပုံစံတွေ ၊ အချိန်နဲ့ တပြေးညီပြောင်းလဲနေတဲ့ High-end ဖက်ရှင်တွေကို အဓိကထားဖော်ပြပေးသွားမှာဖြစ်ပြီး စက်တင်ဘာလမှာ စတင်ထုတ်ဝေမှာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို နိုင်းနိုင်း ၊စိုင်းစိုင်းခမ်းလှိုင် ၊ဒေါင်း ၊မိုးဟေကို ၊မေမြတ်နိုး စတဲ့ အနုပညာရှင်တွေ အပါအဝင် တခြား ဧည့်သည်တော်တွေလည်း တတ်ရောက်ခဲ့ကြပြီး ဖျော်ဖြေရေးအ စီအစဉ်တွေနဲ့လည်း တင်ဆက်ပေးခဲ့ပါတယ်။

အဲဒီ့အစီအစဉ်မှာ သီချင်းဖျော်ဖြေမှုတွေ အပါအဝင် နာမည်ကြီးမော်ဒယ်တွေပါဝင်တဲ့ ဒီဇိုင်နာ ကောင်း မြတ်ရဲ့ဖက်ရှင် ဖက်ရှင်ရှိုးနဲ့ တင်ဆက်ပေးခဲ့ပါတယ်။

ရုပ်သံသတင်းထောက် - ဇွဲဥာဏ်