Surprise Me!

အထူးစီးပွားရေးဇုန်တွေမှာ လူ့အခွင့်ရေးချိုးဖောက်တာတွေရှိနေတယ်လို့ ဆို

2017-10-07 1 Dailymotion

အထူးစီးပွားရေးဇုန်တွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်( ICJ)က ပြောဆိုလိုက်ပါတယ်။ဒီကနေ့ စက်တင်ဘာ ၂၈ရက်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ Human Rights Defenders Forum မှာ ICJ ရဲ့ ဥပဒေသုတေသန ဦးဟေမာန်ဦးက ပြောခဲ့တာပါ။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိ၊ မရှိ လေ့လာတဲ့ EIA လုပ်ငန်းစဉ်တွေ မလုပ်ဘဲ စီမံကိန်းတွေ စတင်နေတာ ရှိနေပြီး အထူးစီးပွားရေးဇုန် ဥပဒေမှာလည်း စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ မြေသိမ်းတာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ရှိ၊ မရှိလေ့လာတာ စတဲ့ လုပ်ငန်းတွေအတွက် စနစ်တကျ ပြဌာန်းထားတာ မရှိဖူးလို့လည်း ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ ရဲ့ ထုတ်ပြန်ချက်မှာ အထူးစီးပွားရေးဇုန် စီမံကိန်းတွေကြောင့် ထိခိုက်မယ့် ဒေသခံတွေ အနေနဲ့ စီမံကိန်း ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်မရှိတာ၊ ဆန္ဒမပါဘဲ ရွှေ့ပြောင်းခံရသူတွေအတွက် လုံလောက်တဲ့ လျော်ကြေး မပေးတာတွေဟာ လူ့အခွင့်အရေးများနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပါရှိပါတယ်။

ရုပ်သံသတင်းထောက်- မြတ်သီဟမောင်

Buy Now on CodeCanyon