သရဖူ ပြန်လည်ရုတ်သိမ်းခဲ့တဲ့ အလှမယ် ရွှေအိမ်စည်ရဲ့ နေရာမှာ မယ်စကြဝဠာ မြန်မာ ၂၀၁၃ ရဲ့ 1st Runner Up ဆုရှင် အေးချမ်းမိုးကို ရွေးချယ်ပြီး Miss Grand International ပြိုင်ပွဲကို့ စေလွှတ်သွားမယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁ရက်ညက ပြုလုပ်ခဲ့တဲ့ မယ်စကြဝဠာ မြန်မာ ၂၀၁၈ ပြိုင်ပွဲရဲ့ Congratulation Party မှာ ကြေညာပေးခဲ့တာပါ ။

Miss Grand Myanmar 2017 စလွယ် နဲ့ သရဖူကို အလှမယ် အေးချမ်းမိုးကို ချီးမြှင့်ပေးခဲ့တာပါ ။

Miss Grand International ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်မည့် အလှမယ် ရွှေအိမ်စည်ကို မယ်စကြဝဠာ မြန်မာ အဖွဲ့အစည်းအနေနဲ့ စေလွှတ်ယှဉ်ပြိုင်စေတော့မှာ မဟုတ်ဘဲ ဆုကို ပြန်လည်ပေးအပ်ဖို့ အောက်တိုဘာ
၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Miss Grand International ပြိုင်ပွဲကို လာမယ့် အောက်တိုဘာ ၂၅ ရက်မှာ ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်မှာ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ရှစ်ဆယ်ကျော်က နိုင်ငံကိုယ်စားပြုအလှမယ်တွေ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရုပ်သံ- ဇွဲဥာဏ်