Surprise Me!

သီတင်းကျွတ် ရုံးပိတ်ရက်အတွင်း လှိုင်သာယာနဲ့ရွှေပြည်သာထဲက စက်ရုံအများစု အလုပ်ပိတ်ပေး

2017-10-07 6 Dailymotion

သီတင်းကျွတ်ကာလ ရုံးပိတ်ရက် ၅ ရက်အတွက်လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်အတွင်းက စက်ရုံ သုံးပုံနှစ်ပုံခန့် ပိတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အစားထိုးဆင်းခိုင်းထားပြီး ဒီနေ့ အောက်တိုဘာ ၄ ရက်ကစလို့ ၈ ရက်အထိ စုစုပေါင်း ၅ ရက်ပိတ်တဲ့ စက်ရုံတွေရှိသလို၊ ဒီနေ့ အထိ ဆင်းရပြီး တနင်္ဂနွေနေ့အထိ ၄ ရက်ပဲ ပိတ်တဲ့ စက်ရုံအချို့လည်း ရှိနေတယ်လို့ အလုပ်သမားအရေ လိုက်လံဆောင်ရွက်ပေးနေတဲ့ မမိုးစန္ဒာမြင့်က ပြောပါတယ်။

အခု သီတင်းကျွတ် ၅ ရက် အလုပ်ဆင်း၊ အလုပ်ပိတ်ခြင်းဟာ ၂၀၁၇ ပြက္ခဒိန်နဲ့ ကြည့်ပြီး၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေခေါ်ယူ ညှိနှိုင်းပီး နားလည်မှုယူ ပိတ်ထားကြတာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Buy Now on CodeCanyon